မန်စီးတီးအတွက် ‘လီဗာပူးလ်ရဲ့ အားသာချက်က ကြီးမားလွန်းတယ်။’ - ချန်ပီယံဆုကို လက်လျော့လိုက်တဲ့ ပက်ဂွာဒီယိုလာ

  • 4 years ago
မန်စီးတီးအတွက် ‘လီဗာပူးလ်ရဲ့ အားသာချက်က ကြီးမားလွန်းတယ်။’ - ချန်ပီယံဆုကို လက်လျော့လိုက်တဲ့ ပက်ဂွာဒီယိုလာ
***********************
လက်ရှိချန်ပီယံအသင်းဟာ သောကြာနေ့က ဝုဗ်စ်အသင်းကို (၃-၂)ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွာဒီယိုလာက ပရီးမီးယားလိဂ်ချန်ပီယံလုပွဲဟာ ပြီးဆုံးသွားပြီဖြစ်တယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

စီးတီးဟာ ပရီးမီးယားလိဂ်မှာ ဇယားဦးဆောင်သူ လီဗာပူးလ်အသင်းရဲ့ နောက် (၁၄)မှတ်၊ လက်စတာစီးတီးရဲ့ အောက် (၁)မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာပါ။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/64929
တင်ဆက် - ဆက်ဝေယံနိုင်
(zawgyi)
***********************

တင်ဆက် - ဆက်ဝေယံနိုင်

Recommended