တော့တင်ဟမ် (ဝ-၂) ပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေးခွဲခြားမှုကို အသီးသီးရှုံ့ချလိုက်ကြတဲ့ မော်ရင်ဟိုနဲ့ လမ်းပတ်

  • 4 years ago
တော့တင်ဟမ် (ဝ-၂) ပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေးခွဲခြားမှုကို အသီးသီးရှုံ့ချလိုက်ကြတဲ့ မော်ရင်ဟိုနဲ့ လမ်းပတ်
************************
ချယ်လ်ဆီးအသင်းက တော့တင်ဟမ်အသင်းကို (၂-ဝ)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင် တော့တင်ဟမ်အသင်း ပရိသတ်အချို့အနေနဲ့ ပြိုင်ဘက်အသင်းအပေါ် လူမျိုးရေး ခွဲခြားမှုအချို့ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

လန်ဒန်ဒါဘီပွဲစဉ်က အဖြစ်အပျက်နဲ့ ပတ်သက်ပြီး တော့တင်ဟမ်နည်းပြ မော်ရင်ဟိုက လူမျိုးရေးခွဲခြားမှုကို လက်မခံဘူးလို့ အတိအလင်း ပြောဆိုခဲ့သလို လမ်းပတ်ကတော့ အမှန်တကယ်ကျူးလွန်တဲ့ သူကို ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/64720
တင်ဆက် - လာဘ်ရတနာဗိုလ်
(zawgyi)
ေတာ့တင္ဟမ္ (၀-၂) ပြဲစဥ္မွာ ျဖစ္ပ်က္ခဲ့တဲ့ လူမ်ိဳးေရးခြဲျခားမႈကို အသီးသီးရႈံ႕ခ်လိုက္ၾကတဲ့ ေမာ္ရင္ဟိုနဲ႔ လမ္းပတ္
************************
ခ်ယ္လ္ဆီးအသင္းက ေတာ့တင္ဟမ္အသင္းကို (၂-၀)ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့တဲ့ တနဂၤေႏြေန႔ပရီးမီးယားလိဂ္ပြဲစဥ္မွာ အိမ္ရွင္ ေတာ့တင္ဟမ္အသင္း ပရိသတ္အခ်ိဳ႕အေနနဲ႔ ၿပိဳင္ဘက္အသင္းအေပၚ လူမ်ိဳးေရး ခြဲျခားမႈအခ်ိဳ႕ျပဳလုပ္ခဲ့တယ္လို႔ စြပ္စြဲခ်က္ေတြ ထြက္ေပၚခဲ့ပါတယ္။

လန္ဒန္ဒါဘီပြဲစဥ္က အျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး ေတာ့တင္ဟမ္နည္းျပ ေမာ္ရင္ဟိုက လူမ်ိဳးေရးခြဲျခားမႈကို လက္မခံဘူးလို႔ အတိအလင္း ေျပာဆိုခဲ့သလို လမ္းပတ္ကေတာ့ အမွန္တကယ္က်ဴးလြန္တဲ့ သူကို ထိထိေရာက္ေရာက္ အေရးယူသင့္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။
သတင္းအျပည့္အစုံ - http://www.mizzimaburmese.com/article/64720
တင္ဆက္ - လာဘ္ရတနာဗိုလ္