ဆယ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပညာရေးကဏ္ဍအတွက် လှူဒါန်းမှုတွေ ပြုလုပ်သွားမယ့် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)

  • 4 years ago
ဆယ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပညာရေးကဏ္ဍအတွက် လှူဒါန်းမှုတွေ ပြုလုပ်သွားမယ့် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)

************************

မြန်မာ့ရှေ့ဆောင်ဘဏ် အနေနဲ့ ၂၀၂၀ ဇူလိုင်လမှ စတင်၍ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း နှစ်ကျောင်းမှ ဆရာ/ဆရာမတွေကို သုံးနှစ်တာ ထောက်ပံ့မှု တစ်ခုကို ပြုလုပ်သွားမည် ဖြစ်သည်။

ဒီထောက်ပံ့မှု အစီအစဉ်ကို တစ်သိန်းတိုင်းမှာ တစ်ဆယ်လှူ၊ MAB နဲ့ လက်တွဲကူ အစီအစဉ်အနေနဲ့ ပြုလုပ်သွားမည်ဟု သိရသည်။ ရန်ကုန်မြို့ရှိ မြိုင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ဓမ္မစရိယ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆရာ/ ဆရာမတွေကို ၂၀၂၀ ဇူလိုင်လက စတင်ပြီးတော့ သုံးနှစ်တာ ကျောင်းမှပေးတဲ့ လစာအပြင် အပိုထပ်ဆောင်း ပေးသော စုငွေအဖြစ် ထောက်ပံ့ပေးသွားမည်ဟု ဒီဇင်ဘာ ၁၉ ရက်က Melia Hotel တွင် ပြုလုပ်ခဲ့တဲ့ မြန်မာ့ရှေ့ ဆောင် ဘဏ်ရဲ့ “ပိုမိုကောင်းမွန်သော နေ့သစ်များ ဆီသို့’’ အခမ်းအနားမှ သိရသည်။

ယခု အစီအစဉ်တွင် ၂၀၂၀ ခုနှစ် ၏ ပထမဆုံး ခြောက်လအတွင်း ကျပ်တစ်သိန်း စုငွေ ထည့်သွင်းတိုင်း ငွေ ၁၀ ကျပ်ကို မတည်ငွေအဖြစ် မြန်မာရှေ ့ဆောင်ဘဏ်မှ လှူဒါန်းငွေ အကောင့်များက တဆင့် ဆရာ/ဆရာမတွေရဲ့ လုပ်ခ လစာအပြင် လှူဒါန်းငွေတွေကိုပါ သုံးနှစ်တာ ထောက်ပံ့ပေးသွားမည်ဟု သိရသည်။ ဒါ့အပြင် မြန်မာ့ရှေ့ဆောင်ဘဏ် အနေနဲ့ အ.ထ.က.(ခွဲ) အုတ်ဖိုကျေးရွာ၊ ထန်းတပင်မြို့နယ်ရှိ အခြေခံပညာ အထက် တန်း ကျောင်းတွင် ကျောင်းအဆောက်အအုံတွေ၊ ပရိဘောဂတွေ စတာတွေကိုလည်း လှူဒါန်းသွားမည် ဖြစ်သည်။

မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် သည် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ပြည်တွင်း ဘဏ်လုပ်ငန်း အဖြစ် စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ဘဏ်ခွဲ ၉၈ ခု ဖွင့်လှစ်ထားကာ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပညာရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရည်ရွယ်၍ လှူဒါန်းမှုပြုလုပ်မည် ဖြစ်သည်။

ရိုက်ကူး၊ တည်းဖြတ် - ဟိန်းသက်ဦး
တင်ဆက် - မီမြာ