Skip to playerSkip to main contentSkip to footer
  • 12/19/2019
ဟန်ဂေရီနိုင်ငံ၏မြို့တော် ဘူဒါဘတ်စ်သည် ၎င်း၏ရေပူစမ်းများကြောင့်နာမည်ကျော်ကြားပါသည်။ လူသိနည်းသော ဤမြို့၏အောက်တွင် လူဦးရေ ၂ သန်းလောက်နေထိုင်သော ဧရာမဂူလိုဏ်ခေါင်းစနစ်ကို သင်မြင်တွေ့ရပါလိမ့်မယ်။နှစ်ပေါင်းထောင်ပေါင်းများစွာကြာပြီးနောက်,ရေပူအပူချိန်မြင့်တက်လာသောကြောင့် မြေကြီးအတွင်းပိုင်းကျောက်များသည် ပြန့်ကားလာပြီးအက်ကွဲကုန်သည်။ ၎င်းဖြစ်စဥ်ကြောင့် မြေအောက်ဂူလိုဏ်ခေါင်းလမ်းကြောင်းကွန်ယက်ကြီးဖြစ်ပေါ်လာသည်။ ရေပူထွက်သော မြေမျက်နှာပြင်နဲ့အနီးဆုံသော ဂူများအနက် ယိုဇာက်ဖ် ဟေး ကာဗင် ( Jozsef Hegy Cavern) သည် ထူးခြားစွာ သလင်းကျောက်ဖြစ်အဖြစ်ထားရှိခဲ့ပြီး တဖြည်းဖြည်းမှေးမှိန်လာသည်။ ဒါပေမဲ့ မိုလာယားနိုးဂူ (Molnar Janos Cave) ကတော့ ရေပူစမ်းအပြည်နဲ့ရှိနေပြီး ယနေ့ထိတိုင် ပြောင်းလဲနေပါတယ်။ ၁၉၅၀ခုနစ်နှောင်းပိုင်းတွင် မြေအောက်ဂူလိုဏ်ခေါင်းလမ်းကြောင်းကို ၆ကီလိုမီတာလောက်တွေ့ရှိခဲ့ကြပါတယ်။ ရေငုပ်သမားတွေက မြေတိုင်းနှင့်မြေပုံဆွဲဆရာတို့ အသုံးပြုလမ်းညွန်ချက်ဖြင့် သိပ္ပံပညာသုတေသနအတွက် တဖြည်းဖြည်းဒီနေရာကို ဖွင့်လိုက်သည်။ဇီ၀ဗေဒပညာရှင်များသည် ဂူများထဲတွင် မကြာသေးမီက အခွံမာရေနေ သတ္တ၀ါမျိုးစိတ်၂ခုကို တွေ့ရှိခဲ့ကြသည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ ရေခဲခေတ်ကလကထဲက တည်ရှိနေတာြဖစ်နိုင်သည်။သူတို့ရဲ့ ဆင့်ကဲဖြစ်စဥ် ပုစ္ဆာကိုဖြေရှင်းရန်အတွက် နိုင်ငံတကာအဖွဲ့တွေက အသစ်သော စူးစမ်းလေ့လာရေးခရီးစဥ်ကို ထဲထဲ၀င်၀င် လုပ်ဆောင်ကြသည်။ သီအိုရီတွေကတော့ ယခုလိုအဆိုပြုပါတယ်။ ပင်လယ်ရေနက် အစွန်အဖျားကဲ့သို့သော နေရာတွင် ခီမိုစိုင်သစစ်ဖြစ်စဥ်သည် အလွန်အမှောင်ထုကြီးထဲတွင် ဆင့်ကဲစားစဥ်ကိုထုတ်လုပ်ပါသည်။အလားတူဖြစ်စဥမျိုး ကမ္ဘာပေါ်တွင် အခန်းကဏ္ဍအသစ်ပေါ်ထွက်လာ နိုင်ပါတယ်။

https://memr.moe.edu.mm/video/the-quest-for-knowledge-the-secrets-of-the-molnar-janos-cave/

Category

📚
Learning

Recommended