Ooredoo Myanmar နှင့် UNDP တို့ပူးပေါင်း

  • 4 years ago
မြန်မာနိုင်ငံရှိ အပူပိုင်းဒေသများတွင် ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများ နှင့် စိုက်ပျိုးရေးဖွံ့ဖြိုးမှု စီမံကိန်း (SEAD) အား Ooredoo Myanmar နှင့် UNDP တို့ပူးပေါင်း ဆောင်ရွက်မည်
****************************
အူရီဒူးမြန်မာ နဲ့ ယူအင်ဒီပီမြန်မာ တို့ရဲ့ ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများ နှင့် စိုက်ပျိုးရေးဖွံဖြိုးမှုစီမံကိန်း (SEAD) အကောင်အထည်ဖော်ရေးကို ကူညီပေးနိုင်ရန် လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီချက်တစ်ရပ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က အူရီဒူး မြန်မာ ရုံးချုပ် ၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ စီမံကိန်းသည် အူရီဒူး ရဲ့ ခေတ်မီမိုဘိုင်းနည်းပညာနဲ့ ယူအင်ဒီပီ ရဲ့ ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိသည့် လယ်ယာလုပ်ငန်းအလေ့အထများ မြှင့်တင်ရေးအတွေ့အကြုံများကို အရှိန်အဟုန်မြှင့် အသုံးချခြင်းဖြင့် မြန်မာနိုင်ငံ အပူပိုင်းဇုန်တွင် အားလုံးပါဝင်၍ ရေရှည်တည်တံ့သော ကျေးလက်ဒေသဖွံ့ဖြိုးရေး စံပြပုံစံတစ်ခုကို တည်ထောင်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။

ရိုက်ကူး/တည်းဖြတ် - ဟိန်းသက်ဦး
တင်ဆက် - စိုးသူအောင်

(zawgyi)

****************************

တင်ဆက် - စိုးသူအောင်

Recommended