ငါးနှစ်အတွင်း ကျိုက်ထီးရိုးစေတီရင်ပြင်တော်မှ တောင်ခြေထိ အမှိုက်လုံးဝကင်းစင်ရေး ဆောင်ရွက်မည်

  • 4 years ago
ငါးနှစ်အတွင်း ကျိုက်ထီးရိုးစေတီရင်ပြင်တော်မှ တောင်ခြေထိ အမှိုက်လုံးဝကင်းစင်ရေး ဆောင်ရွက်မည်
****************************
ကျိုက်ထီးရိုးစေတီရင်ပြင်တော်မှ တောင်ခြေထိ အမှိုက်လုံးဝကင်းစင်ပပျောက်ရေးကို လာမည့် ငါးနှစ်အတွင်း ဆောင်ရွက်သွားမည်ဟု ကျိုက်ထီးရိုးစေတီ ဂေါပကအဖွဲ့ထံက သိရသည်။

ကျိုက်ထီးရိုးတောင်ပေါ်တွင် ဘုရားဖူးပြည်သူ အနည်းအများပေါ်မူတည်ပြီး နေ့စဉ်ပျမ်းမျှ အမှိုက် သုံးတန်မှ ၁၀ တန်အထက် ထွက်ရှိနေကြောင်း သိရသည်။ ထို့ကြောင့် ရင်ပြင်တော်နှင့် ဘေးပတ်ဝန်းကျင် အမှိုက်ကင်းစင်ရေးအတွက် ဂေါပကအဖွဲ့အပါအဝင် အဖွဲ့ ငါးဖွဲ့က နေ့စဉ်အလှည့်ကျ ရှင်းလင်းနေသည်ဟု ကျိုက်ထီးရိုးစေတီဂေါပက အဖွဲ့ခေါင်းဆောင် ဦးကျော်ဝင်းလှိုင် က ပြောသည်။
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/64245
ရိုက်ကူး/တည်းဖြတ် - နွန်နွန်

(zawgyi)

****************************


Recommended