ဦးစံမင်းအောင်အမှု ၂၀၂၀ လောက်မှ ပြီးနိုင်မည်ဟုဆို

  • 5 years ago
ဦးစံမင်းအောင်အမှု ၂၀၂၀ လောက်မှ ပြီးနိုင်မည်ဟုဆို

*************
တိုင်းလွှတ်တော်တွင် အသုံးပြုရန်အတွက် မော်တော်ယာဉ် ၅ စီး ဝယ်ယူမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုခံထား ရသောဒုတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်းဦးစံမင်းအောင်၏အမှုသည်၂၀၂၀လောက်မှသာအပြီးသတ်နိုင်မည်ဟုဦးစံမင်းအောင်ဘက်မှလိုက်ပါဆောင်ရွက်ပေးနေသောတရားလွှတ်တော်ရှေနေ့ဦးခင်မောင်ဦးက ပြောသည်။

ဦးစံမင်းအောင်ကိုတိုင်းဒေသကြီးလွှတ်တော်မှဒုတိယညွန်ကြားရေးမှူးဦးဇော်မင်းထွန်းက ရာဇသတ်ကြီးပုဒ်မ၄၀၉ဖြင့်တရားလိုပြုတရားစွဲထားခြင်းဖြစ်ပြီးနိုဝင်ဘာလ၇ရက်နေ့တွင်တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအားပုသိမ်မြို့နယ်တရားရုံးတွင် စတင်စစ်ဆေးခဲ့သည်။

“အခုက စုံစမ်းစစ်ဆေးတဲ့ကာလပဲရှိသေးတယ်။ တရားလိုဘက်ကတော့ အလွဲသုံးလုပ်တာနဲ့ ပတ်သက်ပြီး သက်သေပြနေတာပေါ့။

ဖြေရှင်းရတဲ့အပိုင်းရောက်မလာသေးဘူး။ အရင် လျာထားတဲ့အချိန်နဲ့တော့ မမီ နိုင်တော့ဘူး။၂၀၂၀လောက်ထဲမှာတော့ပြီးမှာပါ”ဟုတရားခံဘက်မှလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေနေ့ဦးခင်မောင်ဦးက ပြောသည်။

အဆိုပါအမှုကို ဆက်လက်စစ်ဆေးရန်အတွက် နိုဝင်ဘာလ ၁၅ရက်နေ့ သို့ပြန်လည်ချိန်းဆိုခဲ့သည်။

ရိုက်ကူး - စည်သူမောင်မောင်


( ZawGyi )

ဦးစံမင္းေအာင္အမႈ ၂၀၂၀ ေလာက္မွ ၿပီးႏိုင္မည္ဟုဆို

*************
တိုင္းလႊတ္ေတာ္တြင္ အသုံးျပဳရန္အတြက္ ေမာ္ေတာ္ယာဥ္ ၅ စီး ဝယ္ယူမႈႏွင့္ ပတ္သက္ၿပီး တရားစြဲဆိုခံထား ရေသာဒုတိယအႀကိမ္ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ ဒုတိယဥကၠ႒ေဟာင္းဦးစံမင္းေအာင္၏အမႈသည္၂၀၂၀ေလာက္မွသာအၿပီးသတ္ႏိုင္မည္ဟုဦးစံမင္းေအာင္ဘက္မွလိုက္ပါေဆာင္႐ြက္ေပးေနေသာတရားလႊတ္ေတာ္ေရွေန႔ဦးခင္ေမာင္ဦးက ေျပာသည္။

ဦးစံမင္းေအာင္ကိုတိုင္းေဒသႀကီးလႊတ္ေတာ္မွဒုတိယၫြန္ၾကားေရးမႉးဦးေဇာ္မင္းထြန္းက ရာဇသတ္ႀကီးပုဒ္မ၄၀၉ျဖင့္တရားလိုျပဳတရားစြဲထားျခင္းျဖစ္ၿပီးႏိုဝင္ဘာလ၇ရက္ေန႔တြင္တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးအားပုသိမ္ၿမိဳ႕နယ္တရား႐ုံးတြင္ စတင္စစ္ေဆးခဲ့သည္။

“အခုက စုံစမ္းစစ္ေဆးတဲ့ကာလပဲရွိေသးတယ္။ တရားလိုဘက္ကေတာ့ အလြဲသုံးလုပ္တာနဲ႔ ပတ္သက္ၿပီး သက္ေသျပေနတာေပါ့။

ေျဖရွင္းရတဲ့အပိုင္းေရာက္မလာေသးဘူး။ အရင္ လ်ာထားတဲ့အခ်ိန္နဲ႔ေတာ့ မမီ ႏိုင္ေတာ့ဘူး။၂၀၂၀ေလာက္ထဲမွာေတာ့ၿပီးမွာပါ”ဟုတရားခံဘက္မွလိုက္ပါေဆာင္႐ြက္ေပးေနသည့္ တရားလႊတ္ေတာ္ေရွေန႔ဦးခင္ေမာင္ဦးက ေျပာသည္။

အဆိုပါအမႈကို ဆက္လက္စစ္ေဆးရန္အတြက္ ႏိုဝင္ဘာလ ၁၅ရက္ေန႔ သို႔ျပန္လည္ခ်ိန္းဆိုခဲ့သည္။

႐ိုက္ကူး - စည္သူေမာင္ေမာင္