ဘဏ္ဍာသိမ်းဆုငွေ ကျပ်သန်း(၂၅၀)ကို ပြန်လည်ချီးမြှင့်ခဲ့တဲ့ ၉ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ

  • 5 years ago
ဘဏ္ဍာသိမ်းဆုငွေ ကျပ်သန်း(၂၅၀)ကို ပြန်လည်ချီးမြှင့်ခဲ့တဲ့ ၉ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ
********************
ယခင်လထီဖွင့်ပွဲတွေမှာ သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိတဲ့ ဘဏ္ဍာသိမ်းဆုငွေ ကျပ်သန်း(၂၅၀)ကို နိုဝင်ဘာလ (၁)ရက်နေ့က ကျင်းပတဲ့ (၉)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ ပြန်လည်ထည့်သွင်း ချီးမြှင့်ခဲ့ပါတယ်။

အဆိုပါ ကျပ်သန်း (၂၅၀)ထဲမှ ကျပ်(၁၀)သိန်းဆု (၄)ဆု၊ ကျပ်(၃)သိန်း (၂)ယူနစ် ဆု(၂၀)၊ ကျပ်(၂)သိန်း ၂ယူနစ် ဆု(၂၀၀)၊ ကျပ်(၁)သိန်း ၂ယူနစ် ဆု(၂၀၀၀) ဖွင့်လှစ်ပေးခဲ့တာပါ။

ထီဆုပေါက်ထားပြီး လာရောက်ထုတ်ယူခြင်းမရှိတဲ့ ထီဆုမဲတွေမှာ အများဆုံး ကျပ်သိန်း(၅၀၀)ဆု (၃)ဆုအပါအဝင် ထီဆုအရေအတွက် စုစုပေါင်း တစ်သောင်းနှစ်ထောင်ကျော် ရှိတယ်လို့ အောင်ဘာလေသိန်းဆုဌာနက သတင်းထုတ်ပြန်ထားပါတယ်။

“ထီဆုပေါက်တာကို အကြောင်းအမျိုးမျိုးကြောင့် မသိတာမျိုး မဖြစ်အောင် အောင်ဘာလေ သိန်းဆု ဌာနမှာလည်း လတိုင်းကြေညာပေးထားပါတယ်။ လူကိုယ်တိုင်လာကြည့်လို့ရပါတယ်” လို့ အောင်ဘာလေသိန်းဆုဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

(၉)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲွမှာ အက္ခရာလုံးရေ (၃၇)လုံး၊ ထီစာအုပ်ပေါင်း (၃)သန်း ကျော် တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း သုံးသောင်းကျော်ကို ရောင်းချရရှိခဲ့ပြီး ရောင်းရငွေရဲ့ (၆၀)ရာခိုင်နှုန်းကိုတော့ အထူးဆုကြီးစနစ်၊ ဆုတစ်ဆုချင်းစနစ်၊ ဝေဝေဆာဆာ ပဒေသာ ဆုမဲစနစ်တွေနဲ့ ခွဲဝေချီးမြင့်ခဲ့တာ ဖြစ်ပါတယ်။

ရိုက်ကူးတည်းဖြတ်- ဆုမြတ်မေဇော်

( ZawGyi )

ဘ႑ာသိမ္းဆုေငြ က်ပ္သန္း(၂၅၀)ကို ျပန္လည္ခ်ီးျမႇင့္ခဲ့တဲ့ ၉ ႀကိမ္ေျမာက္ ေအာင္ဘာေလ သိန္းဆုဖြင့္ပြဲ
********************
ယခင္လထီဖြင့္ပြဲေတြမွာ သတ္မွတ္ကာလအတြင္း လာေရာက္ထုတ္ယူျခင္းမရွိတဲ့ ဘ႑ာသိမ္းဆုေငြ က်ပ္သန္း(၂၅၀)ကို ႏိုဝင္ဘာလ (၁)ရက္ေန႔က က်င္းပတဲ့ (၉)ႀကိမ္ေျမာက္ က်ပ္တစ္ေထာင္တန္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲမွာ ျပန္လည္ထည့္သြင္း ခ်ီးျမႇင့္ခဲ့ပါတယ္။

အဆိုပါ က်ပ္သန္း (၂၅၀)ထဲမွ က်ပ္(၁၀)သိန္းဆု (၄)ဆု၊ က်ပ္(၃)သိန္း (၂)ယူနစ္ ဆု(၂၀)၊ က်ပ္(၂)သိန္း ၂ယူနစ္ ဆု(၂၀၀)၊ က်ပ္(၁)သိန္း ၂ယူနစ္ ဆု(၂၀၀၀) ဖြင့္လွစ္ေပးခဲ့တာပါ။

ထီဆုေပါက္ထားၿပီး လာေရာက္ထုတ္ယူျခင္းမရွိတဲ့ ထီဆုမဲေတြမွာ အမ်ားဆုံး က်ပ္သိန္း(၅၀၀)ဆု (၃)ဆုအပါအဝင္ ထီဆုအေရအတြက္ စုစုေပါင္း တစ္ေသာင္းႏွစ္ေထာင္ေက်ာ္ ရွိတယ္လို႔ ေအာင္ဘာေလသိန္းဆုဌာနက သတင္းထုတ္ျပန္ထားပါတယ္။

“ထီဆုေပါက္တာကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မသိတာမ်ိဳး မျဖစ္ေအာင္ ေအာင္ဘာေလ သိန္းဆု ဌာနမွာလည္း လတိုင္းေၾကညာေပးထားပါတယ္။ လူကိုယ္တိုင္လာၾကည့္လို႔ရပါတယ္” လို႔ ေအာင္ဘာေလသိန္းဆုဌာနမွ တာဝန္ရွိသူတစ္ဦးကဆိုပါတယ္။

(၉)ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆုဖြင့္ပြဲြမွာ အကၡရာလုံးေရ (၃၇)လုံး၊ ထီစာအုပ္ေပါင္း (၃)သန္း ေက်ာ္ တန္ဖိုးအားျဖင့္ က်ပ္သန္းေပါင္း သုံးေသာင္းေက်ာ္ကို ေရာင္းခ်ရရွိခဲ့ၿပီး ေရာင္းရေငြရဲ႕ (၆၀)ရာခိုင္ႏႈန္းကိုေတာ့ အထူးဆုႀကီးစနစ္၊ ဆုတစ္ဆုခ်င္းစနစ္၊ ေဝေဝဆာဆာ ပေဒသာ ဆုမဲစနစ္ေတြနဲ႔ ခြဲေဝခ်ီးျမင့္ခဲ့တာ ျဖစ္ပါတယ္။

႐ိုက္ကူးတည္းျဖတ္- ဆုျမတ္ေမေဇာ္

Recommended