ဖောက်ခွဲရေးပစ္စည်းများနှင့်ဖမ်းမိခဲ့သော AA လက်နက်ကိုင်အဖွဲ့မှ ဒုအရာခံဗိုလ်တစ်ဦးအပါအဝင် ၆ ဦးကို ဒုတိယအကြိမ် ရုံးထုတ်

  • 5 years ago
ဖောက်ခွဲရေးပစ္စည်းများနှင့်ဖမ်းမိခဲ့သော AA လက်နက်ကိုင်အဖွဲ့မှ ဒုအရာခံဗိုလ်တစ်ဦးအပါအဝင် ၆ ဦးကို ဒုတိယအကြိမ် ရုံးထုတ်
=====================
မန္တလေးမြို့တွင် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် AA လက်နက်ကိုင်အဖွဲ့မှ ဒုအရာဗိုလ် တစ်ဦးအပါအဝင် ၆
ဦးကို အောက်တိုဘာလ ၂၂ ရက် မွန်းလွဲ ၃ နာရီက မန္တလေးခရိုင် တရားရုံးတွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းအချိန်ကမန္တလေးမြို့ ချမ်းမြ သာစည်မြို့နယ်၊မြို့သစ် (၅) ရပ်ကွက်ရှိ လမ်း ၇၀၊ ဒဿနလမ်းရှိ နေအိမ်တစ်ခုတွင် အမျိုးသား (၄) ဦးနှင့်အတူ ဖောက်ခွဲဖျက်ဆီး ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်သွယ်ရေးပစ္စည်းများ ဖမ်းဆီရရှိခဲ့ပြီး နောက်ထပ်ဆက်စပ်သူ (၂) ဦးကို ဆက်လက်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါအမှုမှ ဆက်စပ်ပါဝင်သူ (၃) ဦးမှာ လွတ်မြောက်နေဆဲဖြစ်သည်။ ၎င်းတို့ကို တရားခံပြေးများအဖြစ် ဝရမ်းထုတ်ထားကြောင်းသိရသည်။
လာမည့် ရုံးချိန်းကို နိုဝင်ဘာလ ၄ ရက်နေ့သို့ ချိန်းဆိုထားပြီး အဆိုပါရုံးချိန်းတွင် မည်သို့ စစ်ဆေး သွားရမည်ကို မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အစည်းအဝေး ပြုလုပ်သွားမည်ဟု ဒေါ်မာလာထွဋ်က ဆိုသည်။
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/61805
ရိုက်ကူး - အောင်ကိုဉီး/ မဇ္ဈိမ
(zawgyi)
ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္ဖမ္းမိခဲ့ေသာ AA လက္နက္ကိုင္အဖြဲ႕မွ ဒုအရာခံဗိုလ္တစ္ဦးအပါအဝင္ ၆ ဦးကို ဒုတိယအႀကိမ္ ႐ုံးထုတ္
=====================
မႏၲေလးၿမိဳ႕တြင္ ေဖာက္ခြဲေရးပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည့္ AA လက္နက္ကိုင္အဖြဲ႕မွ ဒုအရာဗိုလ္ တစ္ဦးအပါအဝင္ ၆
ဦးကို ေအာက္တိုဘာလ ၂၂ ရက္ မြန္းလြဲ ၃ နာရီက မႏၲေလးခ႐ိုင္ တရား႐ုံးတြင္ ဒုတိယအႀကိမ္ေျမာက္ ႐ုံးထုတ္စစ္ေဆးခဲ့သည္။

စက္တင္ဘာလ ၁၀ ရက္ေန႔ နံနက္ပိုင္းအခ်ိန္ကမႏၲေလးၿမိဳ႕ ခ်မ္းျမ သာစည္ၿမိဳ႕နယ္၊ၿမိဳ႕သစ္ (၅) ရပ္ကြက္ရွိ လမ္း ၇၀၊ ဒႆနလမ္းရွိ ေနအိမ္တစ္ခုတြင္ အမ်ိဳးသား (၄) ဦးႏွင့္အတူ ေဖာက္ခြဲဖ်က္ဆီး ရာတြင္အသုံးျပဳသည့္ပစၥည္းမ်ားႏွင့္ ဆက္သြယ္ေရးပစၥည္းမ်ား ဖမ္းဆီရရွိခဲ့ၿပီး ေနာက္ထပ္ဆက္စပ္သူ (၂) ဦးကို ဆက္လက္ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။ ထို႔အျပင္ အဆိုပါအမႈမွ ဆက္စပ္ပါဝင္သူ (၃) ဦးမွာ လြတ္ေျမာက္ေနဆဲျဖစ္သည္။ ၎တို႔ကို တရားခံေျပးမ်ားအျဖစ္ ဝရမ္းထုတ္ထားေၾကာင္းသိရသည္။
လာမည့္ ႐ုံးခ်ိန္းကို ႏိုဝင္ဘာလ ၄ ရက္ေန႔သို႔ ခ်ိန္းဆိုထားၿပီး အဆိုပါ႐ုံးခ်ိန္းတြင္ မည္သို႔ စစ္ေဆး သြားရမည္ကို မႈခင္းစီမံခန႔္ခြဲမႈအစီအစဥ္ အစည္းအေဝး ျပဳလုပ္သြားမည္ဟု ေဒၚမာလာထြဋ္က ဆိုသည္။
သတင္းအျပည့္စုံ - http://www.mizzimaburmese.com/article/61805
႐ိုက္ကူး - ေအာင္ကိုဉီး/ မဇၩိမ