ဉာဏ်ရည်တုစက်များနဲ့ လူ့ပတ်ဝန်းကျင်

  • 5 years ago
ဉာဏ်ရည်တုစက်များနဲ့ လူ့ပတ်ဝန်းကျင်
*************************
အခုခေတ် လုပ်ငန်းခွင်တွေမှာ Artificial Intelligence လို့ခေါ်တဲ့ ဥာဏ်ရည်တုနဲ့ အလိုလျောက် အလုပ်လုပ်နိုင်တဲ့စက်တွေ တဖြည်းဖြည်းနေရာယူလာနေတာဟာ အကျိုးကျေးဇူးရှိသလို စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။ ဒါဟာ ပုံမှန်စီးပွားရေးလုပ်ငန်းတွေမှာတင်မဟုတ်ဘဲ တက္ကသိုလ်နဲ့ အစိုးရအဖွဲ့အစည်းတွေမှာပါ ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ အင်္ဂါနေ့ (စက်တင်ဘာ ၂၄)ရက်နေ့ကတော့ အမေရိကန်ပြည်ထောင်စု လွှတ်တော်မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ကြားနာပွဲတစ်ခုပြုလုပ်ခဲ့ပြီး အမေရိကန်အလုပ်သမားတွေနဲ့ သူတို့အလုပ်တွေရဲ့ အနာဂတ်အကြောင်း လွှတ်တော်အမတ်တွေက မေးမြန်းခဲ့ကြပါတယ်။ VOA သတင်းထောက် Zlatica Hoke ရဲ့ သတင်းကိုအခြေခံပြီး ကိုဝင်းခန့်မောင်က တင်ပြထားပါတယ်။