သုခုမအနုပညာရှင် တင်မောင်ဆန်းမင်းဝင်းနှင့် တွေ့ဆုံခြင်း

  • 5 years ago
သုခုမအနုပညာရှင် တင်မောင်ဆန်းမင်းဝင်းနှင့် တွေ့ဆုံခြင်း
*********************
တင်မောင်ဆန်းမင်းဝင်း - “အဖိုးခေတ်မှာလုပ်ခဲ့တဲ့ဟာကို အဖိုးအတိုင်းပြန်ချပြလို့ အဖိုးအသံအတိုင်းပြန်လုပ်လို့ရတယ်။ ဒါပေမယ့် အဖိုးခေတ်က ပရိသတ်တွေမရှိတော့ဘူး။ ဖေဖေတို့ခေတ်က ပရိသတ်တွေပဲကျန်တယ်။ အဲဒီတော့ အဖေတို့ဟာတွေရောပြီးတော့ အဖိုးခေတ်ကဟာတွေကို ပြန်ပြီးတော့ဆန်းသစ်မှုပြန်လုပ်ရတယ်။”

မင်းရွှေရောင်တင် - “စာနဲ့ ကတာဆိုရင် စာကပိုခက်တယ်”

တစ်ခေတ်တစ်ခါကတည်းက အရမ်းအောင်မြင်ခဲ့သော ရွှေမန်းသဘင်ရဲ့ မျိုးဆက်များဖြစ်ကြတဲ့ သုခုမအနုပညာရှင် တင်မောင်ဆန်းမင်းဝင်းနဲ့ မင်းရွှေရောင်တင်(ပူတူးလေး)တို့ရဲ့ အစီအစဉ်အပြည့်အစုံကို ဒီနေ့ည ၈နာရီ Mizzima TV Channel ရဲ့ Artist Interview အစီအစဉ်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။
#ArtistInterview
#MizzimaTV