တရားမ၀င် အမှိုက်တွေ မူရင်းနိုင်ငံပြန်

  • 5 years ago
တရားမ၀င် အမှိုက်တွေ မူရင်းနိုင်ငံပြန်
**********************
စွန့်ပစ်အမှိုက်တွေတင်ပို့တာနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး တင်ပို့လာတဲ့ နိုင်ငံတချို့က စွန့်ပစ်ပစ္စည်းတွေကို မူရင်းနိုင်ငံတွေထံ ပြန်ပို့ပေးခဲ့တဲ့အကြောင်း အင်ဒိုနီးရှားတာဝန်ရှိသူတွေက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံရပ်ခြားက စွန့်ပစ်အမှိုက်တွေကို အခကြေးငွေယူ လက်ခံတဲ့နိုင်ငံတခုပါ။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ တင်ပို့တဲ့ အမှိုက်တွေကိုသာ လက်ခံတာဖြစ်ပြီး တရားဝင် သတ်မှတ်ချက်နဲ့မညီတဲ့ အမှိုက်တွေကိုတော့ မူရင်းနိုင်ငံတွေကို ပြန်ပို့ပေးနေတဲ့အကြောင်း အေအက်ပီသတင်းကို အခြေခံပြီး မညိုညိုလွင်က တင်ပြပေးထားပါတယ်။

Recommended