ဝန်ကြီး Pompeo နဲ့ လက်တင်အမေရိကားခရီးစဉ်

  • 5 years ago
ဝန်ကြီး Pompeo နဲ့ လက်တင်အမေရိကားခရီးစဉ်
**********************
အမေရိကန်ပြည်ထောင်စုနဲ့ လက်တင် အမေရိကားနိုင်ငံတွေကြား ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်ဖို့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ လက်တင်အမေရိကား လေးနိုင်ငံကို ဒီရက်ပိုင်းပဲ သွားရောက်ခဲ့ပါတယ်။ El Salvador ၊ Mexico ၊ Ecuador နဲ့ Argentina လေးနိုင်ငံကိုသွားရောက်ခဲ့တဲ့ ၀န်ကြီး Pompeo က - ဒီနိုင်ငံတွေအနေနဲ့ ရာဇ၀တ်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ပြီး ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာဖို့ စိတ်ပိုင်းဖြတ် ဆောင်ရွက်ကြမယ်ဆိုရင် ဒီအတွက် အကျိုးရလဒ်တွေကို အားလုံးခံစားကြရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်နဲ့အတူ လိုက်ပါသွားခဲ့တဲ့ ဗွီအိုအေရဲ့ သံတမန်ရေးရာသတင်းထောက် Cindy Saine ပေးပို့တဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်း က ပြောပြပေးပါမယ်။

Recommended