Myanmar Gospel Song 2019 (ဘုရားသခင်ဟာ လူကိုဖန်ဆင်းခြင်း အဓိပ္ပါယ်ကို ပြန်လည်ရှင်သန်စေမှာာ)

  • 5 years ago
ခရစ်ယာန်သီချင်း | ဘုရားသခင်ဟာ လူကိုဖန်ဆင်းခြင်း အဓိပ္ပါယ်ကို ပြန်လည်ရှင်သန်စေမှာ

ဘုရားသခင် လူသားကိုဖန်ဆင်း ကမ္ဘာမြေပေါ်မှာထားကာ
ယနေ့ထိ လူသားများကို ဦးဆောင်လမ်းပြပေး
လူ့အပြစ်ကြွေး တွေကို သူပေးဆပ်ကာ
လူသားများကို ကယ်တင်ခဲ့တာ
နောက်ဆုံးမှာ တော့ လူသားကို နဂိုအခြေအနေအတိုင်း
ကိုယ်တော်ပြန်လည် သိမ်းပိုက်ဖို့ရှိသေး
ဒါဟာ အစကတည်းကပင် သူစီစဉ်ခဲ့သောအမှုပါ
ကိုယ်တော်ဟာ သူ့နိုင်ငံတော် တည်ထောင်လိမ့်မည်
ကမ္ဘာမြေနှင့် လူသားအခြေအနေပေါ်
ကိုယ်တော့်အာဏာ ပြန်လည်တည်တံ့စေမှာ။
ကိုယ်တော်ဖန်ဆင်းတဲ့အရာများပေါ်
ကိုယ်တော့်အာဏာ ပြန်လည်တည်တံ့စေမှာ။


စာတန်ဖျက်ဆီးလို့ လူသားဟာ ဘုရားသခင်ကို
ကြောက်ရွံ့တဲ့နှလုံးသားတွေ ဆုံးရှုံးခဲ့
ဘုရားသခင်ရဲ့ ဖန်ဆင်းခံ လူသားမှာ
အစကတည်းက ရှိတဲ့ လုပ်ဆောင်ချက်ဆုံးရှုံးခဲ့
စာတန်ရဲ့ အမိန့် နှင့်အုပ်စိုးမှုအောက်မှာ
ရှင်သန်ရင်း လူဟာ ဘုရားရဲ့ရန်ဘက်ဖြစ်လာ
ဘုရားသခင်ဟာ သူ့အပေါ်လူသားရဲ့
နာခံမှုနှင့် ကြောက်ရွံ့ခြင်းဆုံးရှုံးခဲ့၊
လူသားများအကြား သူ့အမှုတော်ကို မဆောင်ရွက်နိုင်
ကိုယ်တော်ဟာ သူ့နိုင်ငံတော် တည်ထောင်လိမ့်မည်
ကမ္ဘာမြေနှင့် လူသားအခြေအနေပေါ်
ကိုယ်တော့်အာဏာ ပြန်လည်တည်တံ့စေမှာ။
ကိုယ်တော်ဖန်ဆင်းတဲ့အရာများပေါ်
ကိုယ်တော့်အာဏာ ပြန်လည်တည်တံ့စေမှာ။


ဘုရားသခင်ဖန်ဆင်းခဲ့တဲ့လူသား
ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သင့်တာ
ဒါပေမဲ့လူသားဟာ ဘုရားသခင်ကို
ကျောခိုင်းကာစာတန်ကို ကိုးကွယ်ခဲ့။
လူသားအသည်းစွဲ ကိုးကွယ်ရာဟာ စာတန်ဖြစ်လာခဲ့တာ
လူသားဆီမှာဘုရားဟာ ဂုဏ်နေရာကို ဆုံးရှုံးခဲ့တာ။
တစ်မျိုးဆိုရင် လူသားဟာ လူဖြစ်ရတဲ့ အဓိပ္ပါယ်ကိုဆုံးရှုံးခဲ့ တာ။
ကိုယ်တော်ဟာ သူ့နိုင်ငံတော် တည်ထောင်လိမ့်မည်
ကမ္ဘာမြေနှင့် လူသားအခြေအနေပေါ်
ကိုယ်တော့်အာဏာ ပြန်လည်တည်တံ့စေမှာ။
ကိုယ်တော်ဖန်ဆင်းတဲ့အရာများပေါ်
ကိုယ်တော့်အာဏာ ပြန်လည်တည်တံ့စေမှာ။
ဒီအဓိပ္ပါယ် ပြန်လည်ရှင်သန်ဖို့ လူဟာ
မူလအခြေအနေကို ပြန်လည်ရောက်ရှိရမှာပါ
ဘုရားသခင်ဟာ လူ့ရဲ့ ဖောက်ပြန်တဲ့ အကျင့်ကို ဖယ်ရှားပေးရမှာပါ
ကိုယ်တော်ဟာ သူ့နိုင်ငံတော် တည်ထောင်လိမ့်မည်
ကမ္ဘာပေါ်မှာ ကိုယ်တော့်အာဏာ ပြန်လည်တည်တံ့စေမှာ။


လူသားကို စာတန်လက်မှ ပြန်ရယူရန်
ဘုရားသခင်ဟာ လူသားကို အပြစ်မှ ကယ်တင်ရမှာ။
ဒါမှသာ ဘုရားသခင်ဟာလူသားရဲ့ မူလအသွင်ပြင်ကို
ပြန်လည် ရှင်သန်စေမှာပါ
နောက်ဆုံးမှာ ကိုယ်တော်ရဲ့ နိုင်ငံတော်ကို
ပြန်လည်ပြီး ဖြစ်တည်စေမှာ။
လူသားများ ဘုရားကို ပိုပြီး ကိုးကွယ်တတ်စေရန်၊
မြေကြီးပေါ်၌ပို အသက်ရှင်တတ်စေရန်
နာခံမှုမရှိသူများကို ဖျက်ဆီးမည်
ကိုယ်တော်တည်ထောင် လိုတဲ့နိုင်ငံဟာ ကိုယ်တော့်နိုင်ငံ
ကိုယ်တော်ဟာ လူသားများကို သူ့အား
ဝတ်ပြုကိုးကွယ်တဲ့သူများ ဖြစ်စေချင် တယ်
ဘုရားကိုလုံးဝနာခံပြီး ကိုယ်တော့်ဘုန်း တန်ခိုးရှိစေမယ်။
ကိုယ်တော့်ဘုန်း တန်ခိုးရှိစေမယ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

အကြံပြုခရစ်ယာန်ဓမ္မသီချင်း
Myanmar Hymn Music Video | နားခိုရာအိမ် ဘယ်မှာလဲ
https://my.godfootsteps.org/videos/where-is-my-home-mv.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Recommended