တိုင်းအစိုးရ ရန်ပုံငွေနဲ့ ဖွင့်လှစ်လိုက်တဲ့ ဗောဓိတစ်ထောင်ဆင်စခန်း

  • 5 years ago
တိုင်းအစိုးရ ရန်ပုံငွေနဲ့ ဖွင့်လှစ်လိုက်တဲ့ ဗောဓိတစ်ထောင်ဆင်စခန်း
***************************
ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတွေကို အများပြည်သူတွေ အပန်းဖြေရုံ မဟုတ်ဘဲ ဆင်တွေရဲ့ နေထိုင်မှု ၊ ဓလေ့စရိုက်တွေကို လေ့လာနိုင်ဖို့ ဖွင့်လှစ်ခဲ့တာလို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ခတက္ကန်ကျေးရွာရှိ ဗောဓိတစ်ထောင်ဆင်စခန်းဖွင့်ပွဲကို ဇူလိုင် ၁၄ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဖွင့်လှစ်လိုက်တဲ့ ဆင်စခန်းမှာ ဆင်ကောင်ရေ ၇ ကောင်ရှိပြီး ၀င်ကြေး ကျပ် ၁၀၀၀၊ ဆင်စီးခ ကျပ် ၅၀၀၀ သတ်မှတ်ထားပါတယ်။

ဗောဓိတစ်ထောင်ဆင်ထိန်းသိမ်းရေးစခန်းကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၂၀၀ နဲ့ ၁၁ လကြာ တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ၂၁ ခုမြောက် ဆင်စခန်းဖြစ်သလို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တတိယမြောက် ဆင်စခန်းလည်း ဖြစ်ပါတယ်။
ရိုက်ကူး၊တည်းဖြတ်-ဘုန်းနိုင်ဖြိုး၊ မဇ္ဈိမ

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended