၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်း အားနည်းချက်များ မရှိအောင် ပြင်ဆင်နေဟုဆို

  • 5 years ago
၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်း အားနည်းချက်များ မရှိအောင် ပြင်ဆင်နေဟုဆို
*******************
၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် မဲစာရင်းအားနည်းချက်များရှိခဲ့၍ အဝေဖန်ခံခဲ့ရသဖြင့် လာမည့် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင် မဲစာရင်းအားနည်းချက်များ မရှိစေရန် မဲစာရင်းစနစ်ကို ပြင်ဆင်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(မကွေးတိုင်းဒေသကြီးတာဝန်ခံ)ဦးလှတင့်က ပြောသည်။

ဇူလိုင်လ ၁၂ ရက်နေ့က မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ နိင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ ဆိုင်ရာ ကဏ္ဍစုံ မှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဦးလှတင့်က ဒေသခံသတင်းမီဒီယာများကို ပြောကြား ခဲ့ခြင်းဖြစ်သည်။

တင်ရွှေ(မဇ္ဈိမ)

Recommended