အိမ်ပြန်ချိန်မသေချာသေးတဲ့ ရခိုင်ပြည်နယ်က မလုံခြုံသော ဘ၀များ

  • 5 years ago
အိမ်ပြန်ချိန်မသေချာသေးတဲ့ ရခိုင်ပြည်နယ်က မလုံခြုံသော ဘ၀များ
***************************************************
၂၀၁၈နှစ်ကုန်ပိုင်းမှာစတင်ခဲ့တဲ့ရခိုင်ပြည်နယ်ကတိုက်ပွဲတွေကြောင့် ပြည်နယ်ရဲ့ ဒေသခံ ၄ သောင်းကျော်လောက်ဟာစစ်ဘေးဒုက္ခသည် ဘ၀ကို ရောက်ရှိခဲ့ပါတယ်။
သူတို့တွေဟာလတ်တရောဘ၀လုံခြုံရေးအတွက် စစ်ရှောင်စခန်းတစ်ရာကျော်မှာခိုလှုံနေခဲ့ရပါတယ်။
ဒေသခံအဖွဲ့တွေကကူညီကယ်ဆယ်မှုအချို့ရှိနေပေမယ့်လည်းစစ်ရှောင်စခန်းရဲ့အခက်အခဲများစွာတွေကိုမဖြေရှင်းနိုင်သေးပါဘူး။မိုးတွင်းကာလရောက်လာတာနဲ့အမျှမိုးကာတဲတွေနဲ့နေထိုင်ရတဲ့စစ်ဘေးရှောင်တွေအတွက်ကျန်းမာရေးပြသာနာတွေလည်းရင်ဆိုင်လာရပါတယ်။ဒါဟာဒုက္ခသည်ဦးရေရဲ့ထက်ဝက်ကျော်လောက်ဖြစ်နေတဲ့ မိန်းမသားတွေနဲ့ ကလေးငယ်တွေ အတွက်တော့ စိတ်ပူစရာတစ်ခုဖြစ်လာပါတယ်။ ဒီအကြောင်းကို ဇေယျာမင်းက တင်ဆက်ပေးထားပါတယ်။
ရိုက်ကူးတင်ဆက် -ဇေယျာမင်း(TLK)

Recommended