ကမ္ဘာကျော် စတန့်ပြကွက်ကို ပြဖို့လုပ်ရင်း မြစ်ထဲမှာ ပျောက်နေခဲ့တဲ့ အိန္ဒိယစတန့်သမား ရေနစ်သေဆုံးဟု အတည်ပြု

  • 5 years ago
ကမ္ဘာကျော် စတန့်ပြကွက်ကို ပြဖို့လုပ်ရင်း မြစ်ထဲမှာ ပျောက်နေခဲ့တဲ့ အိန္ဒိယစတန့်သမား ရေနစ်သေဆုံးဟု အတည်ပြု
***************************
ခြေတွေလက်တွေကို သံကြိုးခတ်စေပြီး မြစ်ထဲ ချခိုင်းကာ ပြန်လည် လွတ်မြောက်တဲ့ ပြကွက်တစ်ခုကို ပြသဖို့ လုပ်ခဲ့တဲ့ အိန္ဒိယ စတန့်သမားတစ်ဦး ဇွန်လ ၁၆ ရက်က မြစ်ထဲမှာ ပျောက်ဆုံးခဲ့ပါတယ်။ ယခုအခါမှာတော့ ၎င်း စတန့်သမားဟာ ရေနစ်သေဆုံးသွားပြီဖြစ်ကြောင်း ရဲက အတည်ပြုပါတယ်။

ချန်ချယ်လ် လာဟီရီ အမည်ရ အဆိုပါ အိန္ဒိယ စတန့်သမားဟာ အမေရိကန်စတန့်သမား ဟယ်ရီ ဟူဒီနီရဲ့ ကမ္ဘာကျော် ပြကွက်ကို ပြန်လည် ဖန်တီးပြသဖို့ ကြိုးစားရင်းနဲ့ ခုလို အဖြစ်နဲ့ ကြုံတွေ့လိုက်ရတာဖြစ်ပါတယ်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58007
#နိုင်ငံတကာသတင်း #InternationalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended