ဒါရိုက်​တာ မင်းထင်​ကိုကိုကြီး ပြောဆိုချက်

  • 5 years ago
" ကျွန်​​တော်​က တံ​ထွေးနဲ့ ထွီထွီဆိုပြီး​ထွေး​နေတာ​လေ။ အခုက ဆရာ​တော်​တစ်​ပါးက ဘုရားအဖြစ်​​တောင်​ ကိုးကွယ်​ရမယ်​ဆို​တော့ ကျွန်​​တော်​က တံ​ထွေးနဲ့ ​ထွေးခဲ့တာ​တွေကိုလန့်​ပြီး​တော့ ​မြေကြီးကို နင်းရမှာ​တောင်​​ကြောက်​​နေတာ"
ဒါရိုက်​တာ မင်းထင်​ကိုကိုကြီး

တပ်​မ​တော်​ဘက်​မှ ပုဒ်​မ ၂ ခုဖြင့်​တရားစွဲထား​သော ဒါရိုက်​တာ မင်းထင်​ကိုကိုကြီးအား ​​မေလ ၉ ရက်​၊ ရန်​ကုန်​မြို့၊ အင်းစိန်​မြို့နယ်​တရားရုံးတွင်​ ၃ ကြိမ်​​မြောက်​ ရုံးထုတ်​စစ်​​ဆေးခဲ့ပြီး တရားခွင်​မှအထွက်​တွင်​ မင်းထင်​ကိုကိုကြီးက ထိုသို့ ​ပြောဆိုခဲ့သည်​။

လူသိများထင်​ရှားသည့်​ ဒါရိုက်​တာ မင်းထင်​ကိုကိုကြီးကို ရန်​ကုန်​တိုင်းစစ်​ဌာနချုပ်​မှ ဒုတိယဗိုလ်​မှူးကြီး လင်းထွန်းက ဆက်​သွယ်​​ရေးဥပ​ဒေပုဒ်​မ- ၆၆(ဃ) ဖြင့် ​အင်းစိန်​မြို့မရဲစခန်းတွင်​တရားစွဲခဲ့ပြီး အင်းစိန်​မြို့နယ်​တရားရုံးတွင်​လည်း ​ပုဒ်​မ- ၅ဝ၅(က)ဖြင့်​ ဦးတိုက်​​လျှောက်​ တရားစွဲဆိုထားခြင်းဖြစ်​သည်​။

လူမှုကွန်​ရက်​စာမျက်​နှာတွင်​ တပ်​မ​တော်​နှင့်​ ကာကွယ်​​ရေးဦးစီးချုပ်​ကို ဂုဏ်​သိက္ခာကျဆင်း​အောင်​ လုပ်​​ဆောင်​သည်​ဟုဆိုကာ ဒါရိုက်​တာ မင်းထင်​ကိုကိုကြီးကို တပ်​မ​တော်​ဘက်​မှ အမှုဖွင့်​ တရားစွဲဆိုထားခြင်းဖြစ်​သည်​။

သတင်းရိုက်​ကူး/ တည်းဖြတ်​- ရဲနိုင်​(​လောက်​ကိုင်​)
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ


Recommended