၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ပါက ပြဿနာအားလုံး ပြေလည်မည်ဟု ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ပြော

  • 5 years ago
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ပါက ပြဿနာအားလုံး ပြေလည်မည်ဟု ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ပြော
******************************************
" ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက်ကို အခု လွှတ်တော်မှာလုပ်နေတဲ့ ကိစ္စတွေအားလုံးကိုလည်း ကျွန်တော်တို့တွေအားလုံး ပူးပေါင်းဖို့ လိုအပ်တယ်လို့လည်း ပြောချင်ပါတယ်။ အဓိကတော့ ဖွဲ့စည်းပုံပြင်ဆင် ရင် ကျွန်တော်တို့နိုင်ငံ ဒီပြဿနာတွေအားလုံး ပြေလည်မယ်လို့ပဲ မြင်ပါတယ်"" တရားစွဲခံရသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တစ်ဦး

တပ်မတော်ဘက်မှ တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၅ ဦးကို ဧပြီလ ၂၉ ရက်၊ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့ နယ်တရားရုံးတွင် ဒုတိယအကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားခွင်မှ အထွက်တွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ


Recommended