ချေးငွေယူရာတွင် မရိုးသားသည့်နည်းဖြင့် ၂ ကို ၅ ဖြစ်အောင် လုပ်၍ ငွေလိမ်ထုတ်ယူသူများကို တရားစွဲမည်

  • 5 years ago
ချေးငွေယူရာတွင် မရိုးသားသည့်နည်းဖြင့် ၂ ကို ၅ ဖြစ်အောင် လုပ်၍ ငွေလိမ်ထုတ်ယူသူများကို တရားစွဲမည်
********************************
စိုက်ပျိုးစရိတ် ချေးငွေထုတ်ယူရာတွင် မရိုးသားသည့် နည်းဖြင့် ၂ ကို ၅ ဖြစ်အောင် (“၂ ဧက” အား “၅ ဧက”) ၊ ၁ အရှေ့က ၁ ထည့်ပြီး ၁၁ ဧက ဖြစ်အောင် လုပ်လျက် ပုံစံ ၇ တွင် ပြင်ဆင်ဖြည့်စွက်ရေးသားခြင်းများအား စာရွက်စာတမ်း အတုပြုလုပ်မှု ပုဒ်မ ၄၆၈ ဖြင့် တရားစွဲဆိုရန် ညွှန်ကြားထားရှိသည်ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

“ ကိုယ်တိုင်အမှန်ချေး၊ ကိုယ်တိုင်လယ်ရှိတယ်၊ ကိုယ်တိုင်စိုက်တယ် ကိုယ်တိုင်ငွေချေးတယ်။ သူတို့ကိုတော့ နောက်ဆုံး အဆင့်မှ အရေးယူမှာဖြစ်တယ်။ ပထမဆုံးက ဧကမမှန် လူမမှန်၊ နိုင်ငံတော်ငွေကြေးကို လိမ်လည် ထုတ်ယူမှု၊ လယ်မရှိဘဲ လယ်ရှိတယ်ဆိုပြီး ချေးတဲ့သူတွေ၊ အဲဒီလို လူမျိုးကိုတော့ နိုင်ငံတော်ငွေ လိမ်လည် ထုတ်ယူမှုနဲ့ တရားစွဲမှာဖြစ်ပါတယ်။” ဟု ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် တိုင်းမန်နေဂျာ ဦးသန်းဌေးအောင်က မဇ္ဈိမသို့ ပြောသည်။

ရိုက်ကူး - စည်သူမောင်မောင်

Recommended