မြန်မာ့နှစ်သစ်ကူး သနပ်ခါးသင်္ကြန်ပွဲ တော်

  • 5 years ago
မြန်မာ့နှစ်သစ်ကူး သနပ်ခါးသင်္ကြန်ပွဲတော်
*********************
မြန်မာ့နှစ်သစ်ကူး အကြိုသင်္ကြန်အနေနဲ့ သနပ်ခါးသင်္ကြန်ပွဲတော်ကို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်အတွင်းက Sansung Food Town မှာ ကျင်းပပြုလုပ်နေပါတယ်။
Sansung Food Town က စီစဉ်ကျင်းပတဲ့ အဲ့ဒီပွဲတော်အတွင်းမှာ ရေကစားမဏ္ဍပ်တွေ၊ သနပ်ခါးလိမ်းချယ်နိုင်တဲ့ နေရာတွေ၊ သနပ်ခါးလိမ်းချယ်ပေးနေတဲ့ နေရာတွေ၊ သနပ်ခါးဆိုင်တန်းတွေ၊ အစားအသောက်ဆိုင်တွေ၊ စတုဒီသာ ကျွေးမွေးခြင်း အစီအစဉ်တွေ၊ ဂိမ်းအစီအစဉ်တွေ ပါဝင်ပါတယ်။
သနပ်ခါးသင်္ကြန်ပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် ဧပြီလ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်နေပြီး လူတိုင်းအခမဲ့ပါဝင်နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ - ဖူးအိအိနွယ်

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended