"ရန်ကုန်မြို့ရဲ့ အပြောင်းအလဲတစ်ခုဖြစ်လာမလား"ဆိုတဲ့ စည်ပင်ရွေးကောက်ပွဲ

  • 5 years ago
"ရန်ကုန်မြို့ရဲ့ အပြောင်းအလဲတစ်ခုဖြစ်လာမလား"ဆိုတဲ့ စည်ပင်ရွေးကောက်ပွဲ
****************************
"ရန်ကုန်မြို့ရဲ့ အပြောင်းအလဲတစ်ခုဖြစ်လာမလား"ဆိုတဲ့ စည်ပင်သာယာရွေးကောက်ပွဲကို မတ်လ ၃၁ ရက်နေ့မှာ စတင်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် သူ့ရဲ့ မိသားစုနဲ့အတူ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျားကွက် သစ်ရပ်ကွက်၊ မဲရုံအမှတ်(၃)မှာ မတ်လ ၃၁ ရက်၊ မနက်ပိုင်းက လာရောက်မဲပေးခဲ့ပါတယ်။

၂ဝ၁၉ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကို ရန်ကုန်နေ ပြည်သူတွေ စိတ်ဝင်စားမှုလျော့ကျနေပေမယ့်လည်း နေ့လယ်ပိုင်းအထိတော့ မဲစာရင်းထဲမှာပါတဲ့ အရေ အတွက်ထဲက တစ်ဝက်နီးပါးလောက်က မဲလာပေးခဲ့ကြတယ်လို့ မဲရုံတာဝန်ခံတွေဆီက သိရပါတယ်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

Recommended