စည်ပင်ရွေးကောက်ပွဲ ဘာကြောင့်အရေးကြီးလဲ

  • 5 years ago
စည်ပင်ရွေးကောက်ပွဲ ဘာကြောင့်အရေးကြီးလဲ
*****************************
“ စည်ပင်ရွေးကောက်ပွဲက ဘာလို့ ပိုပြီး အရေးကြီးလဲဆိုတော့ ရန်ကုန်မြို့သည် မြန်မာနိုင်ငံရဲ့ စံပြမြို့တော် လည်း ဖြစ်တယ်။ အရေးကြီးဆုံးမြို့တော်လည်း ဖြစ်တယ်။ စီးပွားရေးမှာလည်း အကြီးဆုံး၊ လူဦးရေမှာလည်း အကြီးဆုံး ၊ လူဦးရေနဲ့ ပြောရရင် ၇ ဒဿမ ၅ မီလီယံနေထိုင်တဲ့ မြို့၊ တစ်နိုင်ငံလုံးရဲ့ ၁၃ ရာခိုင်နှုန်းလောက် နေထိုင်တဲ့ မြို့၊ ဒီ စီးပွားရေးနဲ့ ကြည့်ရမယ်ဆို အစစပေါ့။ ရန်ကုန်မြို့ဟာ စီးပွားရေးမှာလည်း အရေးကြီးဆုံး ဖြစ်တယ်။ အဲဒီတော့ ဒီမြို့ကြီးကောင်းမှသာလျှင် ကျွန်တော်တို့ ၊ တခြားမြို့ငယ်လေးတွေကလည်း ဒီမြို့ကြီး ဦးဆောင်သွားတဲ့နောက် နောက်ကနေလိုက်ပြီးတော့ အတုယူရမယ်။ ရန်ကုန်ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှပဲ ၊ ဒီစည်ပင်ရွေးကောက်ပွဲမှာလည်း ဖြေရှင်းနိုင်တဲ့လူကို ရွေးမှပဲ ရန်ကုန်ရဲ့ ပြဿနာတွေ ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။"

၂၀၁၉ မတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကို အမှတ် ၃ မဲဆန္ဒနယ်မှ ယှဉ်ပြိုင်နေသည့် ကိုအောင်ခန့် (ကိုယ်စားလှယ်လောင်း) နှင့် မဇ္ဈိမမှ တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

Recommended