အချိန်အခါမဟုတ် မိုးရွာသွန်းမှုအပေါ် ရွှေစက်တော်ဘုရားဖူးလာ ပြည်သူများ စိုးရိမ်ဖို့မလို

  • 5 years ago
အချိန်အခါမဟုတ် မိုးရွာသွန်းမှုအပေါ် ရွှေစက်တော်ဘုရားဖူးလာ ပြည်သူများ စိုးရိမ်ဖို့မလို
=============================

မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားပွဲတော်တွင် မတ်လ (၇)ရက်နေ့ ညနေပိုင်းနှင့် မတ်လ(၈)ရက်နေ့ နံနက်ပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ပါတယ်။
အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တဲ့အတွက် ရွှေစက်တော်ဘုရားဖူးလာသော ပြည်သူများဟာ စိုးရိမ်မှုများ ရှိခဲ့ကြတယ်လို့ ကြားသိရပါတယ်။ မန်းရွှေစက်တော်ဘုရားဖူးလာ အနယ်နယ်အရပ်ရပ်မှ ပြည်သူများအား မန်းချောင်းရေ အခြေအနေကို သိရှိစေဖို့အတွက် ငဖဲမြို့နယ် ဆည်မြောင်းဦးစီးဌာန မန်းချောင်းရေ လှောင်တမံ ဦးစီးမှူး ဦးမောင်မောင်ဝင်းက အခုလိုပြောပြပါတယ်။
ရိုက်ကူး - တင်ရွှေ(မဇ္ဈိမ)