ကမ္ဘာမှာ 5G ကွန်ရက်ဖြန့်ကျက်တဲ့ ပထမဆုံးဘောလုံးကွင်းဖြစ်လာမယ့် နူးကမ့်ကွင်း

  • 5 years ago

ကမ္ဘာမှာ 5G ကွန်ရက်ဖြန့်ကျက်တဲ့ ပထမဆုံးဘောလုံးကွင်းဖြစ်လာမယ့် နူးကမ့်ကွင်း
*********************
ကတ်တလန်ရဲ့ အထင်ကရ နူးကမ့်ဘောလုံးကွင်းကို ကမ္ဘာပေါ်မှာ 5G ကွန်ရက်ဖြန့်ကျက်နိုင်တဲ့ ပထမဆုံးဘောလုံးကွင်းဖြစ်လာစေမယ့် ရည်မှန်းချက်အစီအစဉ်တွေကို ဘာစီလိုနာအသင်းက ထုတ်ဖော်ပြသလိုက်ပါတယ်။

Tech Radar ရဲ့ ဖော်ပြချက်အရ လာလီဂါဘီလူးကြီးဟာ စပိန်တယ်လီကွန်းအော်ပရေတာဖြစ်တဲ့ Telefónica နဲ့ ပူးပေါင်းပြီး ကစားကွင်းအတွင်း 5G နည်းပညာနဲ့ လွှမ်းခြုံမယ့် Espai Barca ပရောဂျက်ကို လုပ်ဆောင်နေတာဖြစ်ပါတယ်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/55101
#အားကစားသတင်း #SportNews #MizzimaNewsInBurmese #မဇ္ဈိမ