ဗိုလ်ချုပ်အောင်ဆန်း တန်ဖိုးနိမ့်သွားမည်ကို ကြံ့ခိုင်ရေးပါတီမှ စိုးရိမ်ဟု ဆို

  • 5 years ago
ဗိုလ်ချုပ်အောင်ဆန်း တန်ဖိုးနိမ့်သွားမည်ကို ကြံ့ခိုင်ရေးပါတီမှ စိုးရိမ်ဟု ဆို
=========================
ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ များအောင် တည်နေရင်း ဗိုလ်ချုပ်အောင်ဆန်း တန်ဖိုးနိမ့်သွားမည်ကို စိုးရိမ်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့အနေနဲ့ပေါ့နော်၊ ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသားခေါင်းဆောင်ကြီး၊ ဗိသုကာကြီးဖြစ်တဲ့ မြို့ကြီးတွေမှာဆိုရင် သူတို့ရဲ့အထင်ကရနေရာတွေမှာ တစ်ချို့ ရှိပြီးသားပါ။ အဲဒီတော့ ရုပ်တုတွေများအောင်လို့ တည်ရင်း၊ တည်ရင်းကနေပြီးတော့ တန်ဖိုးနိမ့်သွားမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။"ဟု ဦးသိန်းထွန်းဦးက ပြောသည်။

ရိုက်ကူး-အောင်ကိုဦး၊မဇ္ဈိမ

တည်းဖြတ်-စိုးသူအောင်

သတင်းအပြည့်အစုံ-www.mizzimaburmese.com/article/54748