တေးသံရှင် မင်းခန့်ကျော်ရဲ့ အရင်လို မပတ်သက်တော့ပါ တေးအယ်လ်ဘမ် မိတ်ဆက်

  • 5 years ago
တေးသံရှင် မင်းခန့်ကျော်ရဲ့ အရင်လို မပတ်သက်တော့ပါ တေးအယ်လ်ဘမ် မိတ်ဆက်
=================================
၁၃နှစ်ကြာ အချိန်ယူ ပြင်ဆင်မှုတွေလုပ်ခဲ့ရတဲ့ တေးသံရှင် မင်းခန့်ကျော်ရဲ့ အရင်လို မပတ်သက်တော့ပါ အမည်ရှိတဲ့ တေးစီးရီးကို ဖေဖော်ဝါရီလ ၁၅ရက်နေ့က ရန်ကုန်မြို့ရှိ House Of Orchid မှာ မိတ်ဆက် ခဲ့ပါတယ်။

အဲဒီ တေးစီးရီးမှာ တေးသီချင်းစုစုပေါင်း ၁ဝပုဒ်ပါဝင်ပြီးတော့ ပြန်ဆိုတေး ၃ပုဒ်အပါအဝင် Pop၊Model Rock ၊ High Rock စတဲ့ တေးသီးချင်း အမျိုးအစားတွေပါဝင်ပါတယ်။

အရင်လို မပတ်သက်တော့ပါ တေးစီးရီးကို ဖေဖော်ဝါရီလ ၁၂ရက်နေ့မှာ BoBo Music Production ကနေ စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး ဂီတမှူးနိုင်ဇော်က တီးခတ်ပေးထားတာပါ။

ရိုက်ကူး/တည်းဖြတ် - ကျော့ကေခိုင်