Lovely, Friendly & Charming ပန်းချီပြပွဲ

  • 5 years ago
Lovely, Friendly & Charming ပန်းချီပြပွဲ
***********************
ပန်းချီဆရာ ဦးချစ်သော်ရဲ့ ပထမအကြိမ် တစ်ကိုယ်တော်ပန်းချီပြပွဲဖြစ်တဲ့ Lovely, Friendly & Charming ပန်းချီပြပွဲကို တာမွေမြို့နယ်ရှိ Sagawar Art Space တွင် ဇန်န၀ါရီလ ၂ရက်နေ့မှ ၁၅ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။

ဒီ ပန်းချီပြပွဲတွင် Potrait ပန်းချီ၊ မြန်မာလူမျိုးတွေရဲ့ ရိုးရာဟန်တွေပါဝင်တဲ့ ပန်းချီကား ၃၀ ကျော်ကို ခင်းကျင်းပြသထားပါတယ်။

Online Gallaery တစ်ခုဖြစ်တဲ့ Sagawar Art ဟာ အခုလို ပြပွဲတွေကျင်းပပြုလုပ်လေ့ရှိပြီး ဒီပြပွဲဟာ လေးကြိမ်မြောက်ပြသခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
တစ်ကားကို ဒေါ်လာတစ်ရာဝန်းကျင်ဈေးနှုန်းရှိတဲ့ ရေဆေးပန်းချီကားတွေကို ပြည်တွင်းပြည်ပသို့ ရောင်းချသွားမှာ ဖြစ်ပြီး ဖွင့်ပွဲလုပ်တဲ့ ဇန်န၀ါရီလ ၂ ရက်နေ့မှာပဲ ပန်းချီကား ၈ ကားကို ရောင်းချပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ရိုက်ကူး၊တည်းဖြတ်-ဖူးအိအိနွယ်