အလုပ်သမားအခွင့်အရေးတွေရဖို့ စက်ရုံ ၇ ရုံက အလုပ်သမားတွေ ဆန္ဒထုတ်ဖော်အောက်တိုဘာ - ၁၄, ၂၀၁၈စက်ရုံ ခုနှစ်ရုံက အလုပ်သမားတွေ စုပေါင်းပြီး ဒီကနေ့ ဆူးလေမှာ ဆန္ဒဖော်ထုတ

  • 6 years ago
အလုပ်သမားအခွင့်အရေးတွေရဖို့ စက်ရုံ ၇ ရုံက အလုပ်သမားတွေ ဆန္ဒထုတ်ဖော်
အောက်တိုဘာ - ၁၄, ၂၀၁၈

စက်ရုံ ခုနှစ်ရုံက အလုပ်သမားတွေ စုပေါင်းပြီး ဒီကနေ့ ဆူးလေမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အလုပ်သမားတွေ အတွက် နစ်နာဆုံးရှုံးနေမှုတွေအတွက် ဥပဒေပါ ရပိုင်ခွင့်တွေ အခွင့်အရေးတွေကို အကောင်အထည်ဖော်ပေးဖို့ အလုပ်သမား စုစုပေါင်း နှစ်ရာကျော် တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲမှာ ၅၅ ရက်ကြာ ဆန္ဒပြ တောင်းဆိုနေတဲ့ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားတွေလည်း ပါဝင်ပါတယ် ။

ဖုယွင် အထည်ချုပ် စက်ရုံက အခြေခံ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တွေ အပါအဝင် အလုပ်သမား သုံးဆယ်ကျော်ကို အလုပ်ထုတ်လိုက်တဲ့ ကိစ္စအပေါ် အမြန်ဆုံး ဖြေရှင်းပေးဖို့ ဖုယွင်အထည်ချုပ် အလုပ်သမား မသဇင်နွယ်က အခုလို ဆိုပါတယ်။

ဆန္ဒဖော်ထုတ်ပွဲမှာ လှိုင်သာယာမြို့နယ်စက်ရုံတွေထဲက Myanmar Infochamp ဖိနပ်စက်ရုံ, MDM ဖိနပ်စက်ရုံ, Startex Union အထည်ချုပ် စက်ရုံ, Power Fashion အထည်ချုပ် စက်ရုံ အစရှိတဲ့ စက်ရုံက အလုပ်သမားတွေလဲ ပါဝင်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အခုလို ပူးပေါင်းဆန္ဒဖော်ထုတ်ရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြ အလုပ်သမားတစ်ဦးကလည်း အခုလို ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ဆန္ဒဖော်ထုတ်ပွဲကို မနက် ဆယ်နာရီက ဆူးလေကနေ စတင်ပြီး အနော်ရထာ လမ်းကနေ ပန်းဆိုးတန်းလမ်း ကုန်သည်လမ်းကနေ တပတ်ပတ်ခါ ဗဟာဗန္ဓုလပန်းခြံရှေ့အထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အလုပ်သမားတွေ အဓိက ဆန္ဒဖော်ထုတ် တောင်းဆိုချက်တွေက အလုပ်သမားအခွင့်အရေး ကာကွယ်သည့် ဥပဒေ အမြန်ဆုံး ပြဌာန်းပေးရေး။ အလုပ်သမား ပြသနာတွေကို ချက်ချင်း ဖြေရှင်းပေးရေး။ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့် ရရှိရေး ဆိုတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

ရုပ်သံ သတင်းထောက် - အလှလေး သူဇာ

Recommended