၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ စနေ မနက် အတွက် ဘီဘီစီ မြန်မာပိုင်း တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်။တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် ၃ နှစ်ပြည့် စစ်ဘက်၊ အရပ

  • 6 years ago
၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ စနေ မနက် အတွက် ဘီဘီစီ မြန်မာပိုင်း တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်။

တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် ၃ နှစ်ပြည့် စစ်ဘက်၊ အရပ်ဘက် ထိပ်တန်း ခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိနေချိန်မှာ ရှမ်းပြည်နယ်ထဲမှာတော့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အတူ၊ လူ့အခွင့်အရေးနဲ့ ဒုက္ခသည်အရေး အခြေအနေ ဆိုးနေဆဲပဲ ဆိုတဲ့ ရှမ်းပြည်နယ် အခြေစိုက် အမျိုးသမီး အဖွဲ့ တွေရဲ့ ထောက်ပြ ဝေဖန်မှုတွေနဲ့ အတူ …

အစ္စတန်ဘူလ်မှာ ရှိတဲ့ ဆော်ဒီ အာရေဗျ ကောင်စစ်ဝန်ရုံးထဲ သတင်းစာဆရာ ခါရှော့ဂျီ တကယ်ပဲ အသတ် ခံထားရတယ် ဆိုရင် ဆော်ဒီအစိုးရကို အတိုက်အခံလုပ်သူ ပြည်ပရောက်တွေ အတွက်တော့ ကျောချမ်း စရာပဲ ဆိုတဲ့ ထိပ်တန်း နိုင်ငံတကာ သတင်းတွေလည်း နားဆင် ရဖို့ ရှိပါတယ်။ #ဘီဘီစီမြန်မာပိုင်း