ဖုယွင် အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ လမ်းလျှောက်ဆန္ဒပြတောင်းဆိုအောက်တိုဘာ- ၇၊ ၂၀၁၈တလခွဲနီးပါးကြာတဲ့တိုင် တောင်းဆိုနေပေမယ့် ဖုယွင် အထည်ချုပ်စက်ရုံကအလုပ်သမ

  • 6 years ago
ဖုယွင် အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ လမ်းလျှောက်ဆန္ဒပြတောင်းဆို

အောက်တိုဘာ- ၇၊ ၂၀၁၈

တလခွဲနီးပါးကြာတဲ့တိုင် တောင်းဆိုနေပေမယ့် ဖုယွင် အထည်ချုပ်စက်ရုံကအလုပ်သမားတွေ အလုပ်ပြန်မခန့်သေးတဲ့အတွက် ဒီကနေ့မှာ လူ၁၀၀ ခန့်က လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

အလုပ်သမားတွေ နဲ့ အလုပ်သမားအရေးဆောင်ရွက်နေသူ စုစုပေါင်း တစ်ရာနီးပါးလောက်
ဆန္ဒထုတ်ဖော်ခ့ကြတာပါ။

ဆန္ဒပြတောင်းဆိုသူတွေဟာ မြို့တော်ခန်းမ ရှေ့ကနေ သိမ်ကြီးဈေးရှေ့အထိ မဟာဗန္ဓုလလမ်းမကြီးအတိုင်း လမ်းလျှောက်ခဲ့ကြပြီး အလုပ်သမား သုံးဆယ်ကို အလုပ်ပြန်ခန့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

အလုပ်ထုတ်လိုက်တဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်တိုင် ညှိနှိုင်းတောင်းဆိုခဲ့ပေမယ့် အလုပ်ရှင်တွေဘက်က အလုပ်ပြန်ခန့်ဖို့ကို ငြင်းဆန်နေတဲ့အတွက် ဥပဒေအရ အရေးယူပေးဖို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးက အခုလို ဆိုပါတယ်။

အခုလို အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး ဖုယွင်အထည်ချုပ် စက်ရုံက အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကလည်း မြို့တော်ခန်းမရှေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ်။

ဖုယွင် အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံ တခု ဖြစ်ပြီး စက်ရုံမှာ ဖွဲ့စည်းထားတဲ့ အခြေခံ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်တွေ ပါဝင်တဲ့ အလုပ်သမား သုံးဆယ်ကို ခိုင်လုံတဲ့ အကြောင်းပြချက် မပေးဘဲ အလုပ်ထုတ်ခဲ့တာ ဖြစ်တယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

အလုပ်ပြန်ခန့်ဖို့ ငြင်းဆန်နေတဲ့ စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပါ ပြဌာန်းချက်တွေနဲ့ အရေးယူနိုင်ဖို့ စီစဉ်နေတယ်လို့လည်း7 Day သတင်းဌာနကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာနဲ့ အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားထားပါတယ်။

Recommended