ပြစ်မှုပြစ်ဒဏ်တွေကို ပြင်ဆင်ထားတဲ့ လောင်းကစားဥပဒေကြမ်း တင်သွင်းသြဂုတ်-၂၂၊၂၀၁၈၂၀၁၈ လောင်းကစားဥပဒေကြမ်းကို မနေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ

  • 6 years ago
ပြစ်မှုပြစ်ဒဏ်တွေကို ပြင်ဆင်ထားတဲ့ လောင်းကစားဥပဒေကြမ်း တင်သွင်း

သြဂုတ်-၂၂၊၂၀၁၈

၂၀၁၈ လောင်းကစားဥပဒေကြမ်းကို မနေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

ယခင် ၁၉၈၆ လောင်းကစားဥပဒေကို ရုပ်သိမ်းပြီး အခန်း ၆ ခန်း ပုဒ်မ ၂၃ ခုပါတဲ့ ၂၀၁၈ လောင်းကစားဥပဒေကြမ်းကို ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီက တင်သွင်းလိုက်တာဖြစ်ပါတယ်။

လက်ရှိကျင့်သုံးနေတဲ့ ဥပဒေဟာ အချိန်ကြာမြင့်နေပြီ ဖြစ်တဲ့အတွက် ပြစ်မှုပြစ်ဒဏ်တွေကို ခေတ်နဲ့ လိုက်လျောညီထွေရှိအောင်လည်း ပြုပြင်ထားတာလို့ သိရပါတယ်။

ဒီဥပဒေကြမ်းဟာ မိခင်ဥပဒေကြီးကိုသာ ပြင်ဆင်တာဖြစ်ပြီး ကာစီနိုရုံတွေဖွင့်လှစ်တာ လောင်းကစားပြုလုပ်တာတွေအတွက် ကာစီနိုဥပဒေ သီးသန့်ထပ်မံပြဌာန်းပြီး အခွန်ဘယ်လိုကောက်ခံမယ်၊ ကာစီနိုလုပ်ငန်းစဉ်တွေ ထိန်းသိမ်းဖို့ ဥပဒေတွေထပ်မံပြဌာန်းမျိုးလုပ်ဆောင်ရမှာဖြစ်တယ်လို့ ကိုယ်စားလှယ် ဦးလွင်ကိုလတ်က ဆက်ပြောပါတယ်။

ဒါ့အပြင် ထီကိုလည်း လောင်ကစားဥပဒေကနေ လွတ်အောင်ပြင်ချင်တဲ့ ရည်ရွယ်ချက်လည်းပါဝင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီဥပဒေပြဌာန်းပြီးတာနဲ့
း ကာစီနိုရုံတွေကိုလည်း ချက်ချင်းဖွင့်လှစ်နိုင်မှာမဟုက်ဘူးလို့ ဦးလွင်ကိုလတ်က ဆိုပါတယ်။

ဥပဒေကြမ်းကော်မတီကတော့ ပြည်ထောင်စုအစိုးရအနေနဲ့ ကာစီနိုရုံထည်ထောင်တာ၊ ဖွင့်လှစ်တာတွေကို သက်မှတ်ချက်နဲ့အညီစီစစ်ခွင့်ပြုနိုင်တယ်လို့ မှတ်ချက်ပြုပေးထားပါတယ်။

ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းကတော့ နယ်စပ်ဒေသတွေမှာအဓိကဖွင့်ခွင့်ပေးပြီး ယဉ်ကျေးမှုနယ်မြေတွေမှာ ခွင့်မပြုဘူးလို့ ပြောပါတယ်။
ရုပ်သံသတင်းထောက်-မောင်သင်တုန်း