ရေဘေးသင့်ဒေသတွေမှာ သောက်သုံးရေတွေ ပြန်လည်သန့်စင်ဖို့ လိုအပ်နေသြဂုတ်-၅၊၂၀၁၈ရေဘေးသင့်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ သောက်သုံးရေတွေကို ပြန်လည်သန့်စင်ဖို့ အရေြး

  • 6 years ago
ရေဘေးသင့်ဒေသတွေမှာ သောက်သုံးရေတွေ ပြန်လည်သန့်စင်ဖို့ လိုအပ်နေ

သြဂုတ်-၅၊၂၀၁၈

ရေဘေးသင့်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ သောက်သုံးရေတွေကို ပြန်လည်သန့်စင်ဖို့ အရေးကြီးတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောလိုက်ပါတယ်။

ကရင်ပြည်နယ် မွန်ပြည်နယ် ပဲခူးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ရေဘေးဒဏ်ခံစားနေရပြီး ကရင်ပြည်နယ်ကတော့ အဆိုးရွားဆုံးခံစားရတာဖြစ်ပါတယ်။

ရေဘေးသင့်တဲ့ဒေသတွေက ရေတွင်းရေကန်တွေဟာ မြစ်ရေဖုံးလွှမ်းဝင်ရောက်သွားပြီး သောက်သုံးရေရှိဖို့အခက်အခဲဖြစ်နေအတွက် ပြန်လည်သန့်စင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။

ဒေသခံတွေကတော့ သောက်သုံးရေရှိဖို့အတွက် မိုးရေကိုခံထားရသလို အလှူရှင်တွေဆီက လာလှူတဲ့ရေသန့်ကိုလည်း အားထားရတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် မွန်ပြည်နယ် တနင်္သာရီ ပဲခူး မကွေး ရန်ကုန်တိုင်းဒေသကြီးတွေမှာ ရေဘေးကြောင့် ကယ်ဆယ်ရေးစခန်းပေါင်း သုံးရာကျော်ဖွင့်ထားရပြီး ရေပြန်လည်ကျဆင်းသွားတဲ့အတွက် စခန်းပေါင်း ၁၅၈ ခု ပိတ်သိမ်းလိုက်ပြီး လက်ရှိမှာ ကယ်ဆယ်ရေးစခန်းပေါင်း ၁၇၅ ခု ကျန်ရှိတာဖြစ်ပါတယ်။

ရေဘေးဒဏ်ကြောင့် တိုင်းနဲ့ပြည်နယ်က ကယ်ဆယ်ရေးစခန်းတွေမှာ လူဦးရေခုနှစ်သောင်းကျော် ရောက်ရှိခိုလှုံနေတာဖြစ်ပြီး သေဆုံးသူဦးရေ ၁၇ ဦးရှိတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး

Recommended