ရာသီဥတုပူလုိ႔ ေဘဂ်င္း တိရစာၦန္႐ံု တစ္ခုမွာ တိရစာၦန္ေတြကို ေရခဲေခ်ာင္းေတြ ေကၽြးေမြးၾသဂုတ္-၅၊၂၀၁၈တရိပ္ရိပ္ ျမင့္တက္လာတဲ့ အပူခ်ိန္ကို တြန္းလွန္ဖို႔အတြက္ တ႐ုတ္ႏ

  • 6 years ago
ရာသီဥတုပူလုိ႔ ေဘဂ်င္း တိရစာၦန္႐ံု တစ္ခုမွာ တိရစာၦန္ေတြကို ေရခဲေခ်ာင္းေတြ ေကၽြးေမြး

ၾသဂုတ္-၅၊၂၀၁၈

တရိပ္ရိပ္ ျမင့္တက္လာတဲ့ အပူခ်ိန္ကို တြန္းလွန္ဖို႔အတြက္ တ႐ုတ္ႏုိင္ငံ၊ ေဘဂ်င္းၿမိဳ႕ေတာ္က တိရစာၦန္႐ံု တစ္ခုမွာ တိရစာၦန္ေတြကို ေရခဲေခ်ာင္းေတြ၊ ေရခဲျခစ္ေတြ ေကၽြးေမြးေနရပါတယ္။

တိရစာၦန္႐ံု ဝန္ထမ္းေတြက ေရဓာတ္ ျဖည့္ေပးႏုိင္မယ့္ အစာေတြ၊ ခႏၶာကိုယ္ အပူခ်ိန္ကို ေလ်ာ့ပါးေစမယ့္ အစာေတြကို တိရစာၦန္ မ်ိဳးစိတ္အလိုက္ ကြဲကြဲျပားျပား စီစဉ္ၿပီး ျဖည့္စြက္ ေကၽြးေမြးေပးခဲ့တာ ျဖစ္ပါတယ္။ လီမာ ေမ်ာက္ကေလးေတြအတြက္ အခ်ိဳဓာတ္ပါတဲ့ ေရခဲေခ်ာင္းေတြ ေကၽြးခဲ့ရၿပီး က်ားသစ္ ေလွာင္အိမ္ထဲမွာေတာ့ ေရခဲျခစ္ အတံုးခပ္ႀကီးႀကီးေတြ ထည့္ေပးထားရပါတယ္။

အာရွဆင္ေတြကေတာ့ သစ္သီးေတြနဲ႔ ျပဳလုပ္ထားတဲ့ ေရခဲမုန္႔ေတြ စားေသာက္ခြင့္ ရခဲ့ပါတယ္။ ဒါဟာ ေမလကုန္ကစၿပီး ေဘဂ်င္းမွာ အပူခ်ိန္ ျမင့္တက္လာတဲ့အတြက္ တိရစာၦန္ေတြ အပူလွ်ပ္ နာမက်န္း ျဖစ္မွာကို ကာကြယ္တဲ့ အစီအမံ တစ္ရပ္လည္း ျဖစ္ပါတယ္။

ေဘဂ်င္းမွာ ႏိုဝင္ဘာလထိ အပူခ်ိန္ ဆက္လက္ ျမင့္တက္ေနမယ္လုိ႔ ယူဆရပါတယ္။ လက္ရွိ ကာလမွာေတာ့ ေန႔လယ္ မြန္းတည့္ခ်ိန္ဆို အပူခ်ိန္က ၃၇ ဒီဂရီ ဆဲလ္ဆီးရပ္စ္ေလာက္ထိ ေရာက္ရွိေနပါတယ္။

ရာသီဥတု အပူခ်ိန္ ျမင့္မားမႈေၾကာင့္ ေဘဂ်င္းမွာ အပူဒဏ္ သတိေပး ေၾကညာခ်က္ကို အဝါေရာင္အဆင့္ ထုတ္ျပန္ထားတယ္လုိ႔လည္း သိရပါတယ္။

(Unicode)

ရာသီဥတုပူလို့ ဘေဂျင်း တိရစ္ဆာန်ရုံ တစ်ခုမှာ တိရစ္ဆာန်တွေကို ရေခဲချောင်းတွေ ကျွေးမွေး

သြဂုတ်-၅၊၂၀၁၈

တရိပ်ရိပ် မြင့်တက်လာတဲ့ အပူချိန်ကို တွန်းလှန်ဖို့အတွက် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်က တိရစ္ဆာန်ရုံ တစ်ခုမှာ တိရစ္ဆာန်တွေကို ရေခဲချောင်းတွေ၊ ရေခဲခြစ်တွေ ကျွေးမွေးနေရပါတယ်။

တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက ရေဓာတ် ဖြည့်ပေးနိုင်မယ့် အစာတွေ၊ ခန္ဓာကိုယ် အပူချိန်ကို လျော့ပါးစေမယ့် အစာတွေကို တိရစ္ဆာန် မျိုးစိတ်အလိုက် ကွဲကွဲပြားပြား စီစဉ်ပြီး ဖြည့်စွက် ကျွေးမွေးပေးခဲ့တာ ဖြစ်ပါတယ်။ လီမာ မျောက်ကလေးတွေအတွက် အချိုဓာတ်ပါတဲ့ ရေခဲချောင်းတွေ ကျွေးခဲ့ရပြီး ကျားသစ် လှောင်အိမ်ထဲမှာတော့ ရေခဲခြစ် အတုံးခပ်ကြီးကြီးတွေ ထည့်ပေးထားရပါတယ်။

အာရှဆင်တွေကတော့ သစ်သီးတွေနဲ့ ပြုလုပ်ထားတဲ့ ရေခဲမုန့်တွေ စားသောက်ခွင့် ရခဲ့ပါတယ်။ ဒါဟာ မေလကုန်ကစပြီး ဘေဂျင်းမှာ အပူချိန် မြင့်တက်လာတဲ့အတွက် တိရစ္ဆာန်တွေ အပူလျှပ် နာမကျန်း ဖြစ်မှာကို ကာကွယ်တဲ့ အစီအမံ တစ်ရပ်လည်း ဖြစ်ပါတယ်။

ဘေဂျင်းမှာ နိုဝင်ဘာလထိ အပူချိန် ဆက်လက် မြင့်တက်နေမယ်လို့ ယူဆရပါတယ်။ လက်ရှိ ကာလမှာတော့ နေ့လယ် မွန်းတည့်ချိန်ဆို အပူချိန်က ၃၇ ဒီဂရီ ဆဲလ်ဆီးရပ်စ်လောက်ထိ ရောက်ရှိနေပါတယ်။

ရာသီဥတု အပူချိန် မြင့်မားမှုကြောင့် ဘေဂျင်းမှာ အပူဒဏ် သတိပေး ကြေညာချက်ကို အဝါရောင်အဆင့် ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။

Recommended