တ႐ုတ္က အေမရိကန္ သံ႐ံုးအနီးမွာ ေပါက္ကြဲမႈတစ္ခု ျဖစ္ပြားဇူလိုင္ - ၂၆ ၊ ၂၀၁၈ တ႐ုတ္ႏုိင္ငံ၊ ေဘဂ်င္းၿမိဳ႕ေတာ္က အေမရိကန္ သံ႐ံုးအနီးမွာ ေပါက္ကြဲမႈတစ္ခု ျဖစ္ပြားခဲ့

  • 6 years ago
တ႐ုတ္က အေမရိကန္ သံ႐ံုးအနီးမွာ ေပါက္ကြဲမႈတစ္ခု ျဖစ္ပြား

ဇူလိုင္ - ၂၆ ၊ ၂၀၁၈

တ႐ုတ္ႏုိင္ငံ၊ ေဘဂ်င္းၿမိဳ႕ေတာ္က အေမရိကန္ သံ႐ံုးအနီးမွာ ေပါက္ကြဲမႈတစ္ခု ျဖစ္ပြားခဲ့တယ္လုိ႔ သိရပါတယ္။

ဇူလုိင္ ၂၆ ရက္က ဗံုးလန္႔မႈတစ္ခု ေပၚေပါက္ခဲ့ေၾကာင္း အေမရိကန္ သံ႐ံုးက ကနဦး ထုတ္ျပန္ေပမယ့္ ေဘဂ်င္း ရဲတပ္ဖဲြ႕ကေတာ့ အခုေပါက္ကြဲမႈဟာ ေဗ်ာက္အိုးလို အသံက်ယ္ေလာင္တဲ့ ပစၥည္းတစ္ခုေၾကာင့္သာ ျဖစ္တယ္လုိ႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ေပါက္ကြဲမႈမွာ ျပစ္မႈ က်ဴးလြန္သူကလြဲလုိ႔ တျခား ထိခုိက္မႈ မရွိဘူးလုိ႔လည္း ရဲေတြက ေျပာပါတယ္။

ေဒသခံ မီဒီယာေတြက အနည္းအက်ဉ္း ပ်က္စီးေနတဲ့ ရဲကားတစ္စီးရဲ႕ ပံုရိပ္ကို ေဖာ္ျပခဲ့ၾကပါတယ္။

မ်က္ျမင္ေတြရဲ႕ အဆိုအရ သံ႐ံုးအနီးက ေဖာက္ခြဲမႈမွာ အဓိက လက္သည္လုိ႔ ယံုၾကည္ရဆတဲ့ အမ်ိဳးသမီး တစ္ဦးကို ရဲေတြက ထိန္းသိမ္း ေခၚေဆာင္သြားတယ္လုိ႔လည္း သိရပါတယ္။

ေဘဂ်င္းရဲတပ္ဖြဲ႕ အရာရွိ တစ္ဦးက ေပါက္ကြဲမႈဟာ ေဗ်ာက္အိုးလို ပစၥည္းမ်ိဳးေၾကာင့္ ျဖစ္ၿပီး တရားခံဟာ အသက္ ၂၆ ႏွစ္အရြယ္ အမ်ိဳးသမီး တစ္ဦးလုိ႔ သီးျခား အတည္ျပဳခဲ့ပါတယ္။

အခုလို အေမရိကန္ သံ႐ံုးနားမွာ အထိတ္တလန္႔ ျဖစ္ေအာင္ ေဖာက္ခြဲမႈ က်ဴးလြန္ခဲ့တဲ့ ရည္ရြယ္ခ်က္ကိုေတာ့ စံုစမ္းေနဆဲ ျဖစ္ပါတယ္။

#အေမရိကန္သံရုံး #တရုတ္ #ေဘဂ်င္း #ေပါက္ကြဲမႈ #7DAY TV

(Unicode)

တရုတ်က အမေရိကန် သံရုံးအနီးမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွား

ဇူလိုင် - ၂၆ ၊ ၂၀၁၈

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်က အမေရိကန် သံရုံးအနီးမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၆ ရက်က ဗုံးလန့်မှုတစ်ခု ပေါ်ပေါက်ခဲ့ကြောင်း အမေရိကန် သံရုံးက ကနဦး ထုတ်ပြန်ပေမယ့် ဘေဂျင်း ရဲတပ်ဖွဲ့ကတော့ အခုပေါက်ကွဲမှုဟာ ဗျောက်အိုးလို အသံကျယ်လောင်တဲ့ ပစ္စည်းတစ်ခုကြောင့်သာ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ပေါက်ကွဲမှုမှာ ပြစ်မှု ကျူးလွန်သူကလွဲလို့ တခြား ထိခိုက်မှု မရှိဘူးလို့လည်း ရဲတွေက ပြောပါတယ်။

ဒေသခံ မီဒီယာတွေက အနည်းအကျဉ်း ပျက်စီးနေတဲ့ ရဲကားတစ်စီးရဲ့ ပုံရိပ်ကို ဖော်ပြခဲ့ကြပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ သံရုံးအနီးက ဖောက်ခွဲမှုမှာ အဓိက လက်သည်လို့ ယုံကြည်ရဆတဲ့ အမျိုးသမီး တစ်ဦးကို ရဲတွေက ထိန်းသိမ်း ခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

ဘေဂျင်းရဲတပ်ဖွဲ့ အရာရှိ တစ်ဦးက ပေါက်ကွဲမှုဟာ ဗျောက်အိုးလို ပစ္စည်းမျိုးကြောင့် ဖြစ်ပြီး တရားခံဟာ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးလို့ သီးခြား အတည်ပြုခဲ့ပါတယ်။

အခုလို အမေရိကန် သံရုံးနားမှာ အထိတ်တလန့် ဖြစ်အောင် ဖောက်ခွဲမှု ကျူးလွန်ခဲ့တဲ့ ရည်ရွယ်ချက်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

#အမေရိကန်သံရုံး #တရုတ် #ဘေဂျင်း #ပေါက်ကွဲမှု #7DAY TV

Recommended