ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောက်ပိုင်းအဖွဲ့တွေ ဘာတွေ ဆွေးနွေးခဲ့လဲတတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်နေတဲ့

  • 6 years ago
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောက်ပိုင်းအဖွဲ့တွေ ဘာတွေ ဆွေးနွေးခဲ့လဲ

တတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်နေတဲ့ ဒုတိယနေ့ ဇူလိုင် ၁၂ ရက်နေ့မှာ ဆွေးနွေးပွဲ တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲက အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က အုပ်စု နှစ်ခု ခွဲပြီး တွေ့ဆုံခဲ့ပါတယ်။
UWSA ဝပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ ၊ NDAA မိုင်းလား အဖွဲ့၊ SSPP/SSA ရှမ်းပြည် မြောက်ပိုင်း(ဝမ်ဟိုင်း)အဖွဲ့ နဲ့ KIA ကချင်လွတ်လပ်ရေး အဖွဲ့ စတဲ့ လေးဖွဲ့က ကိုယ် စားလှယ်တွေကို တစ်အုပ်စု၊ ကျန်တဲ့ AA ရခိုင့်တပ်မတော်၊ MNDAA ကိုးကန့်အဖွဲ့နဲ့ TNLA ပလောင်အဖွဲ့တို့ကို နောက်တစ်အုပ်စု အနေနဲ့ နှစ်ဖွဲ့ခွဲပြီး ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံခဲ့ပါတယ်။
ဘာတွေ ဆွေးနွေးခဲ့သလဲ ဆိုတာ AA ရက္ခိုင့် တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောပြထားပါတယ်။

#ဘီဘီစီမြန်မာပိုင်း #မြောက်ပိုင်းမဟာမိတ်