ကြည်လင်းက လေဆိပ်ကိုသူကိုယ်တိုင် သေနတ်မယူလာခဲ့ဘူးလို့ ထွက်ဆို ဇူလိုင်-၁၂၊၂၀၁၈တရားလွှတ်တော်ရှေ့နေဦးကိုနီကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ကြည်လင်းက သေနတ်ကို သူကိုယ်

  • 6 years ago
ကြည်လင်းက လေဆိပ်ကိုသူကိုယ်တိုင် သေနတ်မယူလာခဲ့ဘူးလို့ ထွက်ဆို

ဇူလိုင်-၁၂၊၂၀၁၈









(Unicode)

ကည်လင်းက လေဆိပ်ကိုသူကိုယ်တိုင် သေနတ်မယူလာခဲ့ဘူးလို့ ထွက်ဆို

ဇူလိုင်-၁၂၊၂၀၁၈

တရားလွှတ်တော်ရှေ့နေဦးကိုနီကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ကြည်လင်းက သေနတ်ကို သူကိုယ်တိုင်ယူလာတာမဟုတ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ် ။

သေနတ်ကို မူလကတည်းက ယူလာတာမဟုတ်ပဲ လေဆိပ်ရောက်မှသာမြင့်ဆွေဆိုသူထံမှ ရရှိတာဖြစ်ပြီး တက္ကစီသမား ကိုနေဝင်းကိုလည်း မပစ်ခဲ့ရဘူးလို့ထွက်ဆိုသွားခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောကြားခဲ့တာပါ။

ဒါ့အပြင် ပိုက်ဆံရလို့ သတ်တာမဟုတ်ဘူးဆိုတဲ့သဘောမျိုး ထွက်ဆိုသွားတယ်လို့လည်း သိရပါတယ် ။

ဒီကနေ့ ဇူလိုင် ၁၂ ရက်နေ့ ရုံးချိန်းမှာ တရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ကြည်လင်းက တရားရုံးမှာ ထွက်ဆိုသွားတာဖြစ်ပါတယ်။

ဒီကနေ့ ရုံးချိန်းဟာ ၆၀ ကြိမ်မြောက်ရုံးချိန်းဖြစ်ပြီး မနက်ဖြန်မှာတော့ နံပါတ် ၂ စွပ်စွဲခံထားရတဲ့ အောင်ဝင်းဇော်ကို ဆက်လက်စစ်ဆေးမယ်လို့ သိရပါယ်.် ။


ရုပ်သံ သတင်းထောက်- စောအောင်မင်းဦး

#ဦးကိုနီ #သေနတ် #ရန်ကုန်လေဆိပ် #7DAY TV