ကမာၻ႕ဖလား ေဘာလံုးၾကယ္ပြင့္ေတြရဲ႕ ပံုတူပန္းခ်ီ ပီဇာေတြ ေရာင္းခ်ေနတဲ့ ႐ုရွားစားေသာက္ဆုိင္ဇြန္ - ၃၀၊ ၂၀၁၈႐ုရွားႏုိင္ငံက စားေသာက္ဆုိင္ တစ္ခုမွာ ကမာၻ႕ဖလား ေဘာလံု

  • 6 years ago
ကမာၻ႕ဖလား ေဘာလံုးၾကယ္ပြင့္ေတြရဲ႕ ပံုတူပန္းခ်ီ ပီဇာေတြ ေရာင္းခ်ေနတဲ့ ႐ုရွားစားေသာက္ဆုိင္

ဇြန္ - ၃၀၊ ၂၀၁၈

႐ုရွားႏုိင္ငံက စားေသာက္ဆုိင္ တစ္ခုမွာ ကမာၻ႕ဖလား ေဘာလံုးၾကယ္ပြင့္ေတြရဲ႕ ပံုတူပန္းခ်ီ ပါရွိတဲ့ ပီဇာမုန္႔ေတြကို ဖန္တီး ေရာင္းခ်ေနပါတယ္။

စိန္႔ပီတာစဘက္ဂ္ၿမိဳ႕က HopHead ဘားမွာ စားေတာ္ကဲႀကီး ဗယ္လာရီ မက္ခ္ဆင္မ္ခ်ိခ္ ဦးစီးတဲ့ စားဖိုမွဴးေတြက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လူးဝစ္ဆြာရက္ဇ္တို႔လို ကမာၻေက်ာ္ ေဘာလံုးသမားေတြရဲ႕ ပံုတူပန္းခ်ီ ပါရွိတဲ့ ပီဇာေတြကို အႏုစိတ္ ဖန္တီးေပးေနၾကတာ ျဖစ္ပါတယ္။

ဒီလိုဖန္တီးရာမွာ အထူးစီစဉ္ထားတဲ့ ခ်ိစ္ျပားေပၚမွာ ပံုၾကမ္းေရးဆြဲၿပီး ပန္းခ်ီကားလို ျဖစ္လာေအာင္ ထြင္းထုတ္ရပါတယ္။

အဲဒီေနာက္မွ ပီဇာေပၚတင္ၿပီး ဖုတ္ရတာပါ။

ၿပိဳင္ဘက္ ကစားသမားေတြကို ကိုက္ဖူးတဲ့ ျဖစ္ရပ္ေတြေၾကာင့္ နာမည္ေက်ာ္ခဲ့တဲ့ ဥ႐ုေဂြး တိုက္စစ္မွဴး ဆြာရက္ဇ္ရဲ႕ ပံုကိုေတာ့ ေဖာက္သည္ေတြက အဓိက မွာယူေလ့ ရွိၾကသလို ဆြာရက္ဇ္ကို ျပန္ကိုက္ခြင့္ ရၿပီလုိ႔ ေနာက္ေျပာင္တတ္တယ္လုိ႔ မက္ခ္ဆင္မ္ခ်ိခ္က ေျပာပါတယ္။

႐ုရွားဟာ ကမာၻ႕ဖလား ေဘာလံုးၿပိဳင္ပြဲႀကီးကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပေနတာေၾကာင့္ တစ္ႏုိင္ငံလံုးမွာ ေဘာလံုးေရာဂါ ထေနၾကပါတယ္။

HopHead ဘားမွာ ႐ုရွား နည္းျပႀကီး စတိန္ဆလက္ဗ္ ခ်ာခ်ီေဆာ့ဗ္နဲ႔ လူငယ္ေျခတက္ ေဘာလံုးသမားေလး အာတမ္ ဒီယူဘာတို႔ရဲ႕ ပံုတူ ပီဇာေတြကိုပါ ေရာင္းခ်ေပးေနတယ္လုိ႔လည္း သိရပါတယ္။

(Unicode)

ကမ္ဘာ့ဖလား ဘောလုံးကြယ်ပွင့်တွေရဲ့ ပုံတူပန်းချီ ပီဇာတွေ ရောင်းချနေတဲ့ ရုရှားစားသောက်ဆိုင်

ဇွန် - ၃၀၊ ၂၀၁၈

ရုရှားနိုင်ငံက စားသောက်ဆိုင် တစ်ခုမှာ ကမ္ဘာ့ဖလား ဘောလုံးကြယ်ပွင့်တွေရဲ့ ပုံတူပန်းချီ ပါရှိတဲ့ ပီဇာမုန့်တွေကို ဖန်တီး ရောင်းချနေပါတယ်။

စိန့်ပီတာစဘက်ဂ်မြို့က HopHead ဘားမှာ စားတော်ကဲကြီး ဗယ်လာရီ မက်ခ်ဆင်မ်ချိခ် ဦးစီးတဲ့ စားဖိုမှူးတွေက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လူးဝစ်ဆွာရက်ဇ်တို့လို ကမ္ဘာကျော် ဘောလုံးသမားတွေရဲ့ ပုံတူပန်းချီ ပါရှိတဲ့ ပီဇာတွေကို အနုစိတ် ဖန်တီးပေးနေကြတာ ဖြစ်ပါတယ်။

ဒီလိုဖန်တီးရာမှာ အထူးစီစဉ်ထားတဲ့ ချိစ်ပြားပေါ်မှာ ပုံကြမ်းရေးဆွဲပြီး ပန်းချီကားလို ဖြစ်လာအောင် ထွင်းထုတ်ရပါတယ်။

အဲဒီနောက်မှ ပီဇာပေါ်တင်ပြီး ဖုတ်ရတာပါ။

ပြိုင်ဘက် ကစားသမားတွေကို ကိုက်ဖူးတဲ့ ဖြစ်ရပ်တွေကြောင့် နာမည်ကျော်ခဲ့တဲ့ ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့ ပုံကိုတော့ ဖောက်သည်တွေက အဓိက မှာယူလေ့ ရှိကြသလို ဆွာရက်ဇ်ကို ပြန်ကိုက်ခွင့် ရပြီလို့ နောက်ပြောင်တတ်တယ်လို့ မက်ခ်ဆင်မ်ချိခ်က ပြောပါတယ်။

ရုရှားဟာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာကြောင့် တစ်နိုင်ငံလုံးမှာ ဘောလုံးရောဂါ ထနေကြပါတယ်။

HopHead ဘားမှာ ရုရှား နည်းပြကြီး စတိန်ဆလက်ဗ် ချာချီဆော့ဗ်နဲ့ လူငယ်ခြေတက် ဘောလုံးသမားလေး အာတမ် ဒီယူဘာတို့ရဲ့ ပုံတူ ပီဇာတွေကိုပါ ရောင်းချပေးနေတယ်လို့လည်း သိရပါတယ်။

Recommended