၂ဝ၁၈ ခုနှစ်၊ ဇွန် ၂၅ရက်၊ တနလာင်္နေ့ ညပိုင်း ဘီဘီစီမြန်မာပိုင်း အစီအစဉ် တွေကို လန်ဒန်မြို့ကနေ တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။ဥရောပ သမဂ္ဂက ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု

  • 6 years ago
၂ဝ၁၈ ခုနှစ်၊ ဇွန် ၂၅ရက်၊ တနလာင်္နေ့ ညပိုင်း ဘီဘီစီမြန်မာပိုင်း အစီအစဉ် တွေကို လန်ဒန်မြို့ကနေ တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။

ဥရောပ သမဂ္ဂက ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်မယ့် တပ်မတော် ဒုတိယ ဗိုလ်ချုပ်ကြီးတဦးအပါအ၀င် ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ရဲမှူးချုပ် အပါအ၀င် တပ်နဲ့ ရဲဘက် ထိပ်တန်းအဖွဲ့ဝင် ၇ဦး ရဲ့ အမည်တွေကို ထုတ်ဖော် ကြေညာ လိုက်တဲ့ သတင်း အပါအ၀င် ပြည်တွင်း သတင်း တွေကို နားဆင် ရမှာ ဖြစ်ပါတယ်။

တခါ တူရကီ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ သက်တမ်းရှည် ခေါင်းဆောင် Erdogan အနေနဲ့ နောက်ထပ် ၅ နှစ် သမ္မတ သက်တမ်းမှာ အာဏာကို ဘယ်လို ထပ်မံ တည်ဆောက်သွားမလဲဆိုတဲ့ ထိပ်တန်းရောက် နိုင်ငံတကာ သတင်းတွေ ကိုလည်း တင်ဆက်ပေးဖို့ ရှိပါတယ်။

နောက်ပိုင်းမှာ မိုဘီဂျီနိုနဲ့ တပတ်အတွင်း အားကစားသတင်း အစီအစဉ်ကို နားဆင်နိုင်မှာ ဖြစ်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း

Recommended