
  • 6 years ago

ဇွန် - ၁၂ ၊၂၀၁၈







Unicode

ထိုင်းနိုင်ငံမှာ မြန်မာ့ရင်းနီးမြှုပ်နှံမှုအကြောင်းဟောပြောပွဲ လုပ်မယ်

ဇွန် - ၁၂ ၊၂၀၁၈

မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံရဲ့ ကုန်သွယ်မှု နဲ့ ရင်းနှီးမြုပ်နှံမှု တိုးတက်လာဖို့အတွက် မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ထိုင်းနိုင်ငံရှင်တွေကို ရှင်းပြဖို့မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က စီစဉ်နေတယ်လို့ သိရပါတယ်။

လာမယ့် ဇူလိုင်လ ၂၀ ရက်မှာ ထိုင်းနိုင်ငံမှာ မြန်မာ့နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအကြောင်း ဟောပြောပွဲ တစ်ခု ကို ကျင်းပမှာဖြစ်ပြီး အဲဒီဟောပြောပွဲကို ထိုင်းသံရုံးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ အသင်းက ပူးပေါင်းစီစဉ်မှာဖြစ်ပါတယ်။

ဟောပြောပွဲကို တော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ကူညီပေးသွားမယ်လို့လည်းသိရပါတယ်။

ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် ဟောပြောပွဲမှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ ၊ စီးပွားရေးလာလုပ်ရင် ကြုံတွေ့ရမယ့် လုပ်ထုံးလုပ်နည်းတွေ ၊ နည်းဥပဒေသတွေကို ဆွေးနွေးမယ်လို့ သိရပါတယ်။

ဟောပြောပွဲမှာ မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ ၊ ကုန်သွယ်ရေးကဏ္ဍ ၊ မွေးမြူရေး ၊စိုက်ပျိုးရေး နဲ့ ခရီးသွား ကဏ္ဍ တွေကို ဆွေးနွေးကြဖို့ရှိနေပါတယ်။

ရုပ်သံသတင်းထောက်- အလှလေး သူဇာ

Recommended