ဟိုတယ္ ဥယ်ာဉ္ထဲမွာ လမ္းအတူေလွ်ာက္ခဲ့တဲ့ ထရမ့္နဲ႔ ကင္မ္ ဇြန္ -၁၂ ၊၂၀၁၈ ပထမဆံုးအႀကိမ္ ေတြ႕ဆံုမႈ အၿပီးမွာ အေမရိကန္ သမၼတ ေဒၚနယ္လ္ထရမ့္နဲ႔ ေျမာက္ကိုရီးယား ေခါင္း

  • 6 years ago
ဟိုတယ္ ဥယ်ာဉ္ထဲမွာ လမ္းအတူေလွ်ာက္ခဲ့တဲ့ ထရမ့္နဲ႔ ကင္မ္

ဇြန္ -၁၂ ၊၂၀၁၈

ပထမဆံုးအႀကိမ္ ေတြ႕ဆံုမႈ အၿပီးမွာ အေမရိကန္ သမၼတ ေဒၚနယ္လ္ထရမ့္နဲ႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္မ္ဂ်ံဳအန္းတို႔ဟာ ဥယ်ာဉ္ၿခံဝင္းထဲမွာ အတူလမ္းေလွ်ာက္ရင္း မီဒီယာေတြကို ခဏတာ ေတြ႕ဆံုခဲ့ပါတယ္။

ဇြန္လ ၁၂ ရက္က စင္ကာပူႏုိင္ငံ၊ ကာပယ္လာ ၾကယ္ငါးပြင့္ ဟိုတယ္ႀကီးမွာ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆံု ေဆြးေႏြးခဲ့တဲ့ ႏုိင္ငံေခါင္းေဆာင္ ႏွစ္ဦးဟာ ေန႔လယ္စာ သံုးေဆာင္မႈ အစီအစဉ္ အၿပီးမွာ ဟိုတယ္ရဲ႕ ဥယ်ာဉ္ၿခံဝင္းထဲ ဆင္းလာၿပီး ပခံုးခ်င္း ယွဉ္လ်က္ လမ္းေလွ်ာက္ခဲ့တာ ျဖစ္ပါတယ္။

ထရမ့္က မီဒီယာေတြကို စကားေျပာခဲ့ေပမယ့္ ကင္မ္ကေတာ့ ေဘးနားမွာ တိတ္တိတ္ဆိတ္ဆိတ္ပဲ ရွိေနခဲ့ပါတယ္။ ကိုရီးယားကၽြန္းဆြယ္ ၿငိမ္းခ်မ္းေရး က႑အတြက္ ေဆြးေႏြးေနၾကသူ ႏွစ္ဦးစလံုးရဲ႕ မ်က္ႏွာက ၿပံဳးၿပံဳးရႊင္ရႊင္ ျဖစ္ေနတာကိုလည္း ေတြ႕ရပါတယ္။

ကင္မ္နဲ႔ ထရမ့္တို႔ဟာ သူတို႔ရဲ႕ ပထမဆံုးအႀကိမ္ မ်က္ႏွာခ်င္းဆိုင္ ေဆြးေႏြးမႈနဲ႔ ပတ္သက္လုိ႔ အေပါင္းလကၡဏာဆန္ၿပီး တိုးတက္မႈေတြ ရွိေနေၾကာင္း အေစာပုိင္း အခ်ိန္တုန္းက မီဒီယာေတြဆီ အသိေပး ထုတ္ျပန္ထားခဲ့ပါေသးတယ္။

Unicode

ဟိုတယ် ဥယျာဉ်ထဲမှာ လမ်းအတူလျှောက်ခဲ့တဲ့ ထရမ့်နဲ့ ကင်မ်

ဇွန် -၁၂ ၊၂၀၁၈

ပထမဆုံးအကြိမ် တွေ့ဆုံမှု အပြီးမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ဟာ ဥယျာဉ်ခြံဝင်းထဲမှာ အတူလမ်းလျှောက်ရင်း မီဒီယာတွေကို ခဏတာ တွေ့ဆုံခဲ့ပါတယ်။

ဇွန်လ ၁၂ ရက်က စင်ကာပူနိုင်ငံ၊ ကာပယ်လာ ကြယ်ငါးပွင့် ဟိုတယ်ကြီးမှာ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ နိုင်ငံခေါင်းဆောင် နှစ်ဦးဟာ နေ့လယ်စာ သုံးဆောင်မှု အစီအစဉ် အပြီးမှာ ဟိုတယ်ရဲ့ ဥယျာဉ်ခြံဝင်းထဲ ဆင်းလာပြီး ပခုံးချင်း ယှဉ်လျက် လမ်းလျှောက်ခဲ့တာ ဖြစ်ပါတယ်။

ထရမ့်က မီဒီယာတွေကို စကားပြောခဲ့ပေမယ့် ကင်မ်ကတော့ ဘေးနားမှာ တိတ်တိတ်ဆိတ်ဆိတ်ပဲ ရှိနေခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး ကဏ္ဍအတွက် ဆွေးနွေးနေကြသူ နှစ်ဦးစလုံးရဲ့ မျက်နှာက ပြုံးပြုံးရွှင်ရွှင် ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

ကင်မ်နဲ့ ထရမ့်တို့ဟာ သူတို့ရဲ့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ဆွေးနွေးမှုနဲ့ ပတ်သက်လို့ အပေါင်းလက္ခဏာဆန်ပြီး တိုးတက်မှုတွေ ရှိနေကြောင်း အစောပိုင်း အချိန်တုန်းက မီဒီယာတွေဆီ အသိပေး ထုတ်ပြန်ထားခဲ့ပါသေးတယ်။

Recommended