တက္ကသိုလ်ဝင်တန်းအမှတ်စာရင်း ထုတ်လို့ရပြီ ဇွန်-၄၊ ၂၀၁၈အောင်စာရင်းထွက်ပြီး ၂ ရက်အကြာမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအမှတ်စာရင်းတွေကို ဒီကနေ့ဇွန်လ(၄)ရက်မှာ စတင်ထုတ်

  • 6 years ago
တက္ကသိုလ်ဝင်တန်းအမှတ်စာရင်း ထုတ်လို့ရပြီ

ဇွန်-၄၊ ၂၀၁၈

အောင်စာရင်းထွက်ပြီး ၂ ရက်အကြာမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအမှတ်စာရင်းတွေကို ဒီကနေ့ဇွန်လ(၄)ရက်မှာ စတင်ထုတ်ပေးနေပြီ ဖြစ်ပါတယ်။

အမှတ်စာရင်းတွေထုတ်ပေးတဲ့ လှိုင်တက္ကသိုလ်နယ်မြေမှာရှိတဲ့
ဇွဲကပင်ဆောင်နဲ့ မေခဆောင်မှာ ကျောင်းသားမိဘနဲ့ ကျောင်းသားကျောင်းသူအများအပြား အမှတ်စာရင်းလာရောက်ထုတ်ယူနေတာကိုတွေ့ရပါတယ်။

ဇွဲကပင်ဆောင်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြေဆိုတဲ့ကျောင်းသားကျောင်း
သူတွေရဲ့ အမှတ်စာရင်းတွေကိုထုတ်ပေးတာဖြစ်ပြီး မေခဆောင်မှာတော့ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးကအမှတ်စာရင်းတွေကိုထုတ်ပေးတာဖြစ်ပါတယ်။

ဒါ့အပြင်နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)မှာလဲ
အမှတ်စာရင်းတွေကိုထုတ်ပေးနေပါတယ်။

အမှတ်စာရင်းထုတ်ယူရာမှာ ထုတ်ယူရမယ့် အမှတ်စာရင်းစောင်ရေအရေအတွက် ကန့်သတ်ထားတာ မရှိဘဲ အမှတ်စာရင်းလျှောက်လွှာတစ်စောင်ကို ကျပ်(၄၀၀)သတ်မှတ်ထားတာဖြစ်ပါတယ်။

အမှတ်စာရင်းတွေကို မနက်ကိုးနာရီကနေ ငါးနာရီထိထုတ်ပေးမှာဖြစ်ပြီး အမှတ်စာရင်းလျှောက်လွှာရောင်းချိန်ကတော့ ၂နာရီထိသတ်မှတ်ထားတာဖြစ်ပါတယ်။

ကျောင်းသားကျောင်းသူတွေအနေနဲ့ ကိုယ်တိုင်ထုတ်ယူနိုင်သလို ကိုယ်စားထုတ်ယူလို့လည်း ရတယ်လို့သိရပါတယ်။

၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ဇွန် လ ၂ ရက်မှာ ထုတ်ပြန်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်ချက် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားတာပါ။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Recommended