သန္းနဲ႔ခ်ီ မ်ားျပားတဲ့ ေဒၚလာနဲ႔ ယူ႐ို ေငြစကၠဴ အတုေတြ ပီ႐ူးမွာ သိမ္းဆည္းရမိေမ - ၂၆ ၊၂၀၁၈ပီ႐ူး အာဏာပိုင္ေတြက သန္းနဲ႔ခ်ီ မ်ားျပားတဲ့ ေဒၚလာနဲ႔ ယူ႐ို ေငြစကၠဴ အတု

  • 6 years ago
သန္းနဲ႔ခ်ီ မ်ားျပားတဲ့ ေဒၚလာနဲ႔ ယူ႐ို ေငြစကၠဴ အတုေတြ ပီ႐ူးမွာ သိမ္းဆည္းရမိ

ေမ - ၂၆ ၊၂၀၁၈

ပီ႐ူး အာဏာပိုင္ေတြက သန္းနဲ႔ခ်ီ မ်ားျပားတဲ့ ေဒၚလာနဲ႔ ယူ႐ို ေငြစကၠဴ အတုေတြကို ဖမ္းဆီး ရမိခဲ့တယ္လုိ႔ သတင္း ထုတ္ျပန္ခဲ့ပါတယ္။

ေမလ ၂၅ ရက္က လီမာၿမိဳ႕ေတာ္မွာရွိတဲ့ ေနရာတခ်ိဳ႕ကို ျဖန္႔က်က္ စီးနင္းမႈေတြအၿပီး အခုလို ေငြစကၠဴအတု အမ်ားအျပားကို သိမ္းဆည္းႏုိင္ခဲ့တာပါ။ ပီ႐ူးႏိုင္ငံသံုး ဆိုလ္ ေငြေၾကးယူနစ္အျပင္ အေမရိကန္ ေဒၚလာေတြနဲ႔ ယူ႐ို ေငြစကၠဴ အတုေတြကို ေနရာ သံုးခုမွာ အုပ္လိုက္၊ အစည္းလုိက္ ေတြ႕ခဲ့တာလို႔ ရဲေတြက ေျပာပါတယ္။

ဒီေငြေၾကးေတြကို တန္ဖိုး တြက္ခ်က္ၾကည့္ရင္ စုစုေပါင္း အေမရိကန္ေဒၚလာ ၈ သန္းေက်ာ္ေလာက္ထိ မ်ားျပားႏုိင္တယ္လုိ႔လည္း ဆိုပါတယ္။

ပီ႐ူးရဲတပ္ဖြဲ႕ဟာ ေငြစကၠဴ အတုေတြ ပံုႏွိပ္ထုတ္လုပ္တဲ့၊ ျဖန္႔ေဝတဲ့ လုပ္ငန္းစဉ္ အဆင့္ဆင့္မွာ ပါဝင္တဲ့ တရားခံေတြကိုလည္း ဖမ္းဆီး ရမိထားၿပီလုိ႔ ေျပာပါတယ္။

အခ်က္အလက္ စစ္တမ္းေတြအရ ပီ႐ူးဟာ ကမာၻေပၚမွာ ေငြစကၠဴအတုလုပ္ငန္း အတြင္က်ယ္ဆံုး ႏုိင္ငံတစ္ခုအျဖစ္ ရပ္တည္ေနတယ္လုိ႔လည္း သိရပါတယ္။

(Unicode)

သန်းနဲ့ချီ များပြားတဲ့ ဒေါ်လာနဲ့ ယူရို ငွေစက္ကူ အတုတွေ ပီရူးမှာ သိမ်းဆည်းရမိ
မေ - ၂၆ ၊၂၀၁၈

ပီရူး အာဏာပိုင်တွေက သန်းနဲ့ချီ များပြားတဲ့ ဒေါ်လာနဲ့ ယူရို ငွေစက္ကူ အတုတွေကို ဖမ်းဆီး ရမိခဲ့တယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၂၅ ရက်က လီမာမြို့တော်မှာရှိတဲ့ နေရာတချို့ကို ဖြန့်ကျက် စီးနင်းမှုတွေအပြီး အခုလို ငွေစက္ကူအတု အများအပြားကို သိမ်းဆည်းနိုင်ခဲ့တာပါ။ ပီရူးနိုင်ငံသုံး ဆိုလ် ငွေကြေးယူနစ်အပြင် အမေရိကန် ဒေါ်လာတွေနဲ့ ယူရို ငွေစက္ကူ အတုတွေကို နေရာ သုံးခုမှာ အုပ်လိုက်၊ အစည်းလိုက် တွေ့ခဲ့တာလို့ ရဲတွေက ပြောပါတယ်။

ဒီငွေကြေးတွေကို တန်ဖိုး တွက်ချက်ကြည့်ရင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ သန်းကျော်လောက်ထိ များပြားနိုင်တယ်လို့လည်း ဆိုပါတယ်။

ပီရူးရဲတပ်ဖွဲ့ဟာ ငွေစက္ကူ အတုတွေ ပုံနှိပ်ထုတ်လုပ်တဲ့၊ ဖြန့်ဝေတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ ပါဝင်တဲ့ တရားခံတွေကိုလည်း ဖမ်းဆီး ရမိထားပြီလို့ ပြောပါတယ်။

အချက်အလက် စစ်တမ်းတွေအရ ပီရူးဟာ ကမ္ဘာပေါ်မှာ ငွေစက္ကူအတုလုပ်ငန်း အတွင်ကျယ်ဆုံး နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေတယ်လို့လည်း သိရပါတယ်။

Recommended