ရဟတ်ပေါ်က သူ့ဘဝ

  • 7 years ago
သူ ရဟတ်မှာ ကျင်လည်လာတာ နှစ် ၂၀ ကျော်ပြီ ဖြစ်ပါတယ်။ အပျော်စီးရဟတ်တွေပေါ် ပြေးလွှားရင်း လှည့်လာတာ သူ့ အသက် ၁၆ နှစ်ကတည်းကပါ။

အန္တရာယ်ရှိတဲ့ ဒီအလုပ်ကိုလုပ်ရင်း ပိုက်ဆံစုနေရတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ ချစ်သူသက်ထားကို တင့် တောင့်တင့်တယ် ထိမ်းမြားလက်ထပ်ချင်လို့ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ချစ်သူသက်ထားနဲ့ လက်ထပ်ပြီးလို့ သားနှစ်ယောက်နဲ့ဖြစ်နေပါပြီ။ လူငယ်သဘာဝ ခိုး ပြေးကြခဲ့လို့ မိသားစုတစ်ခု တည်ပြီးဖြစ်ပေမယ့် ဇနီးသည်အတွက် သူ့ဆန္ဒကတော့ ခုအထိမပြည့်နိုင်သေး ပါဘူး။

နယ်မှာရဟတ်လိုက်လှည့်တာကနေ ရန်ကုန်ကို ပြောင်းလာရင်း စစ်သားစုဆောင်းရေးတပ်နဲ့တွေ့ပြီး အဆင် ပြေ မလားလို့ စစ်တပ်ထဲ လိုက်သွားခဲ့ပါသေးတယ်။ စစ်တပ်ကနေ ထွက်လာပြီးတဲ့နောက် သူငယ်ချင်းတစ်ယောက် အကူအညီနဲ့ ရဟတ်လှည့်တဲ့ အလုပ်သမား ဘ၀ထဲ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဒီလိုနှစ်တွေကြာလာတာနဲ့အမျှ ရဟတ်လှည့်သမားတွေရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ရဟတ်လှည့်သမားတစ်ယောက်ဟာ ရဟတ်တွဲတစ်ခုလုံးရဲ့ အချိန်အဆတွေကိုသိဖို့ လိုအပ်သလို၊ သူနဲ့ အတူ တွဲဖက်လှည့်ရတဲ့ ၀န်ထမ်းတွေအချင်းချင်းလည်း အပေးအယူ၊ မျှတစွာ၊ ကျွမ်းကျင်စွာ လွှတ်ဖို့လည်း လိုပါတယ်။

သူ့ရဲ့ မဆုံးနိုင်အိပ်မက်ကို ပြောပြတဲ့အခါတိုင်း သူ့ကိုလှောင်ရယ်ကြပါတယ်။ ဒါပေမယ့် သူဟာ မိသားစု အတွက် အလုပ်ကိုကြိုးစားလုပ်ကိုင် ရုန်းကန်ရင်း ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့တိုင် အမျိုးသမီး တစ်ယောက်အတွက် တင့်တယ်တဲ့မင်္ဂလာပွဲ မကျင်းပခဲ့ရသေးတဲ့ ဇနီးသည်အတွက်လည်း ကြိုးစားနေဆဲပါ။

ရုပ်သံသတင်းထောက် - ယဉ်မွန်၊ ကျော်ဇင်ထွန်း