Water Bus တွေ ဒီလ ၇ ရက်မှာ စတင်ပြေးဆွဲမယ်

  • 7 years ago
Yangon Water Bus ကို လာမယ့် အောက်တိုဘာ ၇ရက်နေ့က စတင်ပြီး ပြေးဆွဲတော့မယ်လို့ လုပ်ငန်းကို တာဝန်ယူထားတဲ့ တင့်တင့်မြန်မာကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၇ရက်နေ့ မနက်၇နာရီကစပြီး ဗိုလ်တစ်ထောင်ဆိပ်ကမ်း နဲ့ အင်းစိန်အောင်ဇေယျတံတားအောက်က WaterBusဂိတ်တွေမှာ စတင်ပြေးဆွဲမယ်လို့လဲ သိရပါတယ်။

အင်းစိန်ဆိပ်ကမ်း၊လှိုင်ဘူတာရုံဆိပ်ကမ်း၊ကြည့်မြင်တိုင်ဆိပ်ကမ်း၊လမ်းသစ်ဆိပ်ကမ်း၊နန်းသီတာဆိပ်ကမ်း၊ဗိုလ်တစ်ထောင်ဆိပ်ကမ်း တို့မှာ မှတ်တိုင် တွေ ထားရှိပြီး ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

လက်မှတ်ခ အနေနဲ့ ၃၀၀ကျပ် ကျသင့်မှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
YangonWaterBus မှာ ပြေးဆွဲမယ့် သဘောင်္ာအရေအတွက်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးဘဲ လာမယ့် အောက်တိုဘာ၆ရက်နေ့မှာ ကျင်းပမယ့် ဖွင်ပွဲအခမ်းအနားမှာ သိရမယ်လို့ ကုမ္ပဏီတာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ(၂၄)ရက်နေ့မှာတော့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း နဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့(YRTA)က တာဝန်ရှိသူတွေဟာ Water Busကို စမ်းသပ်စီးနင်းခဲ့ကြပါတယ်။

ရုပ်သံသတင်းထောက်-မြတ်သီဟမောင်

Recommended