ရန်ကုန်မြို့လယ်က တိုက်ခန်းတစ်ခန်းမီးလောင်

  • 7 years ago
ပန်းဘဲတန်းမြို့နယ် ၊ ၂၇ လမ်း အလယ်ဘလောက်က တိုက်ခန်းတစ်ခန်းမှာ ဒီကနေ့ မွန်းလွဲ တစ်နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ တိုက်ခန်းကတော့ လူနေထိုင်ခြင်းမရှိဘဲ ပစ္စည်းတွေ ထားတဲ့ တိုက်ခန်း ဖြစ်တယ်လို့ အခင်းဖြစ်တဲ့ တိုက်ခန်းရှေ့မှာ နေထိုင်သူ တွေဆီကသိရပါတယ်။

အဲဒီမီးလောင်မှုကို Level 1 အဆင့်သတ်မှတ်ပြီး မီးသတ်ယာဉ်တွေနဲ့ငြိမ်းသတ်ခဲ့ရာမှာ ၁ နာရီ ၅၀ မိနစ်မှာ မီးငြိမ်းခဲ့တာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Category

🗞
News

Recommended