အကြမ်းဖက်တိုက်ခိုက်ခံရတဲ့အတွက် မြို တိုင်းရင်းသားတွေက လုံခြုံရေးအစီအမံတွေ တောင်းဆို

  • 7 years ago
မောင်တောမြို့နယ် ကိုင်းကြီး(မြို)ရွာက လူနည်းစုတိုင်းရင်းသားတွေဟာ သူတို့ကို ကာကွယ်နိုင်တဲ့လုံခြုံရေးအစီအမံတွေ ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို တောင်းဆို လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်က ကိုင်းကြီး(မြို)ရွာက မြိုအမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၅ ဦးဟာ ရွာအနီးရှိ မေယုတောင်ထဲက ယာခင်းထဲကို သွားတဲ့အခါ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

ကိုင်းကြီး(မြို)ရွာက လူနည်းစုမြိုတိုင်းရင်းသားတွေ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပြီးနောက် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ အဲဒီဖြစ်စဉ်နောက်ပိုင်းမှာ ရွာခံတစ်ချို့ဟာ ကြောက်လန့်ပြီးတော့ တခြားဒေသတွေကို ပြောင်းရွေ့ဖို့ စီစဉ်နေကြတယ်လို့ ကိုင်းကြီး(မြို)ရွာက ရွာလူကြီး ဦးစံထွန်း ကပြောပါတယ်။

ကိုင်းကြီး(မြို)ရွာဟာ မောင်တောမြို့နယ် တောင်ပိုင်း မြို့ပေါ်နှင့် ၁၃ မိုင်ခန့်အကွာ မေယုတောင်ထဲမှာ တည်ရှိပြီးတော့ အိမ်ထောင်စု ၄၆ စုနှင့် လူဦးရေ ၂၅၀ ကျော် နေထိုင်တဲ့ ကျေးရွာ ဖြစ်ပါတယ်။


ရုပ်သံသတင်းထောက်- မောင်ကံ