အမျိုးသမီး ရဲအရာရှိတွေနဲ့ ကျား၊ မ အခြေပြု လိင်အကြမ်းဖက်မှုဆိုင်ရာဆွေးနွေး

  • 7 years ago
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အမျိုးသမီး ရဲအရာရှိတွေကို ကျား၊ မ အခြေပြု လိင်အကြမ်းဖက်မှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ အမရာဟိုတယ်မှာ နှစ်ရက်ကြာ ပြုလုပ်သွား မယ်လို့ သိရပါတယ်။ အခုကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲက သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ အမျိုးသမီး ရဲအရာရှိတွေ ပါဝင်ဆွေးနွေးတဲ့ ပထမဆုံး အလုပ်ရုံဆွေးနွေးပွဲလည်း ဖြစ်တယ်လို့ ရဲမှူးကြီး ဥမ္မာရင်မီက ပြောပါတယ်။ ဒီကနေ့ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အသီးသီးက အမျိုးသမီး ရဲအရာရှိ ၄၀ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ရုပ်သံ သတင်းထောက် - မောင်သင်တုန်း

Recommended