M 150 ဖောက်ခွဲမှုတွေအတွက် ရုံးတော်မှာ စစ်ဆေးဆဲ

  • 7 years ago
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝင်း အတွင်း M 150 အချိုရည်ပုလင်းနဲ့ ဖောက်ခွဲမှုဖြစ်စဉ်က တရားစွဲခံထားရသူလေးဦးနဲ့ တရားလိုပြ သက်သေတွေကို ဒီကနေ့ မတ်လ၈ရက်က အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် နိုဝင်ဘာ ၁၇ရက်ကနေ ၂၅ ရက်အထိ ကိုးရက်အ တွင်း ရန်ကုန်မြိုအစိုးရရုံးနဲ့ ဈေးဝယ်ကုန် တိုက်အချို့အပါအဝင် အသေးစား ပေါက်ကွဲမှုလေးနေရာ ဖြစ်ပွားခဲ့ ပြီး ပေါက်ကွဲမှု ၁၂ ကြိမ်ဖြစ်ပွားခဲ့တာပါ။ ၂၀၁၆ နိုဝင်ဘာ ၁၇ရက် က ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့် Ocean Center တို့မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှု နှစ်ကြိမ် နဲ့ ပတ်သက်ပြီးတော့လဲ ရဲအုပ်တစ်ဦးကို ဒီကနေ့ စစ်ဆေးခဲ့ပါသေးတယ်။ လာမယ့် မတ်လ ၁၅ရက်နေ့ကို ရုံးချိန်းထပ်မံချိန်းဆိုထားကြောင်း တရားသူကြီးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ရုပ်သံသတင်းထောက်- မြတ်သီဟမောင်